လူတစ်ယောက်က စိတ်ဓာတ်အရမ်းကျဆင်းနေတယ်။ လောကဒဏ်
ရဲ့အရိုက်အပုတ်လှိုင်းတံပိုးဒဏ်ကိုသူမခံနိုင်တော့ပါ။ ဘဝဆိုတာကြီး
ကို လက်မြောက်အရှုံးပေးလုဆဲဆဲအချိန်မှာပေါ့။ စိတ်ပျက်လက်ပျက်
ရှိနေစဉ် သစ်ပင်တစ်ပင်ရဲ့အောက်မှာ ထိုင်နေရင်း မျက်စိရောက်ရာ
ကြည့်နေစဉ်မှာ ပင့်ကူတစ်ကောင်က သူ့အိမ်ကိုဆောက်ဖို့ ပထမ
ဆုံးသော ပင့်ကူမျှင်ကို သူလိုရာအကွာအ ဝေးမှာရှိတဲ့ သစ်ကိုင်း
ဆီခုန်ကူးလိုက်တယ်။ သူ ပြုတ်ကျသွားတယ်။ ထပ်ခုန်တယ်။
ထပ်ခုန်တယ်။ ထပ်ခုန်တယ်။ အကြိမ်ပေါင်း ၇၀ လောက်မှာ
သူလိုရာအရပ်ကိုခုန်နိုင်ပြီးသူ့ရဲ့ ပထမဆုံး ပင့်ကူမျှင်ကို ချနိုင်
ခဲ့တယ်။ နောက်ဆုံးတော့ ပင့်ကူအိမ်ကြီးတစ်လုံး ပြီးသည်အထိ
ဆောက်နိုင်ခဲ့တယ်။ ဒီအဖြစ် အပျက်ကို အစအဆုံးကြည့်နေတဲ့
ထိုလူဟာ ရင်ထဲ မှ နွေးထွေးတဲ့ အသိတရားတစ်ခုရလိုက်ပြီး
ဘဝကို အရှုံးမပေးတော့ပဲ ပင့်ကူလေးတောင်မှ ဒီလို ကြိုးစား
နိုင်ခဲ့ရင် ငါဟာလူသားတစ်ယောက်ပဲ ငါလည် ဖြစ်နိုင်တယ် ဆိုပြီးပေါ့ပါးရွှင်လန်းသောခြေလှမ်း ဖြင့် သူ့ဘကိုအကောင်းဆုံး
ပြန်တည့်နိုင်ခဲ့တယ်။
ကြားခဲ့ဖူးတဲ့ပုံပြင်ကို မျက်စိဖြင့်မြင်ယောင်ပြီ ခွန် အားတစ်ခု
ဖြစ်စေဖို့ ရည်ရွယ်ပြီး စာစီရေချပေး လိုက်ပါတယ်။
မိတ်ဆွေတွေအားလုံးအတွက် Online မှာတွေ့ရတဲ့ ပုံပြင်ကို ကျန်တော်ကြိုက်နှစ်သက်တဲ့အတိုင် ပြန်လည်မျှဝေပါတယ်
Sunday, 10 July 2016
ပင့်ကူကပေးသော ဘဝကိုအရှုံးမပေးစိတ်
Subscribe to:
Posts (Atom)