Friday, 18 November 2016

ခြေလှမ်းတစ်လှမ်းက စကြရတဲ့ "ပန်းတိုင်"

လူတိုင်းက အားသိပ်မစိုက်ထုတ်ရဘဲ တောင်ပေါ်အထိ တက်လှမ်း
နိုင်မယ့် လမ်းကို ရှာဖွေချင် ကြ တယ်။ တောင်ထိပ်ရောက်ဖူးသူကို
ဘယ်လမ်းက ပိုချောမွေ့သလဲလို့လည်း မေးတတ်ကြတယ်။
တောင်ထိပ်ရောက်ဖူးသူတွေက“တောင်ပေါ်ကိုရောက်ဖို့ ဖြတ်လမ်း
မရှိဘူး။ လမ်းတိုင်း က ကွေး ကွေးကောက်ကောက်၊ မတ်စောက်
တာချည်းပဲ။ တောင်ထိပ် ကို ရောက်ချင်ရင် တစ်ခါတလေ မှာ
ချောက်ကမ်းပါး ကိုလည်း ဖြတ်ကျော် ရတယ်”လို့ဆိုပါတယ်။
အောင်မြင်ခြင်းဆီသွားတဲ့လမ်းဟာလည်း ချောမွေ့နေမှာ မဟုတ်ပါ
ဘူး။ တွေ့ကြုံရင်ဆိုင်မှ သင်ခန်းစာကို ရတယ်။ ကျရှုံးခြင်းကို မခံစား
ဖူးရင် အောင်မြင်ခြင်းကိုလည်း တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။
ကျရှုံးခြင်းကို မခံစားဖူးရင် မကျရှုံးဖို့ကိုယ့်ကိုယ်ကို အားပေးတတ်မှာ
မဟုတ်ပါဘူး။ အောင်မြင်ခြင်းဆီ သွားဖို့ ဖြတ်လမ်း မရှိပါဘူး။ ဒါပေ
မယ့် နည်းလမ်း ရှိပါတယ်။ အဲဒီနည်းလမ်းက ကြိုတင်ပြင်ဆင်တာ၊
လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်တာပဲ ဖြစ်ပါ
တယ်။

#ကိုယော