တော်တော်များများက ထပ်ဆင့်သိစေချင်လို့ ဝေမျှ ကြတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သိလာပြီး သူ
တစ်ပါးကို သိစေချင်လို့လေ။ ကောင်းပါ၏။ ဒါပေမဲ့
သိလာရုံနဲ့ မပြီးသေးပါ။ ကိုယ်မှာသိလာတဲ့အသိတ
ရားက ရှိဖို့လိုပါတယ်။ ဒါမှ ကိုယ့်အတွက်နဲ့ လူသား
အတွက် အကျိုးရှိလာမယ်။ Mokeys see,
Mokeys do. ပဲဖြစ်ဖြစ်၊ စနစ်တစ်ကျသင်ယူ
လေ့လာတဲ့သူပဲဖြစ်ဖြစ်၊(သိ၊ မြင်၊ လုပ်) (Know,
Understand, Action) အဆင့်ကိုရောက်
မှ အနှစ်သာရရှိမယ်။ သိလာရုံနဲ့တော့မမြင်ဘူး။ ဆို
လိုတာကတော့ နားမလည်သေးဘူး။ ဒီတော့ မ
လုပ်တဲ့အတွက် ကိုယ့်မှာရှိလာစရာ မရှိသေးဘူး။
မိတ်ဆွေတွေအားလုံးအတွက် Online မှာတွေ့ရတဲ့ ပုံပြင်ကို ကျန်တော်ကြိုက်နှစ်သက်တဲ့အတိုင် ပြန်လည်မျှဝေပါတယ်
Saturday, 30 January 2016
ဝေမျှခြင်း
Tuesday, 26 January 2016
ငါ့ဘဝရဲ့သံဇဉ်လှိုင်း
တစ်ခါတစ်လေမှာ ဘဝက မျက်ခြောက်ပင်လိုပဲ သေနေတယ်ထင်ရပါတယ်။ လူတကာကျော်နှင်း တန်ဖိုးထားရမှန်းမသိ ဖြစ်နေတဲ့ အချိန်တွေရှိမယ်။ ဘာမှအသုံးမဝင် ကြည့်လိုက်ရင်လဲ မျက်စိပသာတ အတွက်မကောင်း။ မီးလောင်လွယ်နေတဲ့ အခြေအ နေမှာရှိနေတတ်တယ်။ ဒါပေမဲ့ မိတ်ဆွေ မင်းဘဝ ကခုပြောနေတဲ့ မျက်ခြောက်ပင်အနေအထားမှာရှိ နေတယ်ဆိုရင်တော့ မီးအလောင်မခံရဖို့သာသတိ ထားပါ။ ဘာလို့လဲဆိုရင် မီးလောင်သွားရင် ဆက် လက်ရှင်သန်နေဖို့ မဖြစ်နိုင်တော့လို့ပါ။ ဒီလိုမျက် ခြောက်ပင်ဘဝကနေ မင်းပြန်လည်ပြီး လူတွေရင် သတ်ရှုမောကြည်နူးနက်သက်ဖွယ်မျက်ပင်စိမ်းအ
ဖြစ် ပြန်လည်ရောက်နိုင်တယ်ဆိုတာ ယုံကြည်ချက် ရှိပါ။ဘဝမှာ ရှင်သန်းခြင်းဆိုတဲ့ မျှော်လင့်ခြင်းရှိနေ သ၍ မင်းရင်ထဲမှာအရာရာကို ရင်ဆိုင်ကျော် လွှာ ဖြတ် သန်းနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့အတူမင်းဘဝ ကို စုံမက်ခံစားလိုက်ပါ။ ရင်ထဲက ကိုယ့်ကိုကိုယ် ပြန် လည်အားပေးတဲ့ သံဇဉ်တစ်ခုပါ။
Monday, 25 January 2016
အရွယ်တွေရလာခဲ့သော်လဲ
လူတွေဆီမှာ ဇရာနဲ့ အိုမင်းခြင်းတွေကိုပဲ အများစု ရှာဖွေတွေ့ရှိနိုင်မယ်။
ရင့်ကျက်လာခြင်းတွေကို ရှာဖွေနိုင်ဖို့ အလွန်နည်း တယ်။
ဒီတော့ လူမှုရေးနယ်ပယ်မှာ ကိုယ်ရဲ့ စိတ်ဓာတ် တွေကို ထိုလူတွေနဲ့ အညစ်စွန်းမခံပါနဲ့။
ကိုယ်ကလဲ သူတို့စိတ်ဓာတ် အတိုင်းပျော်ဝင်မသွား ဖို့ လိုပြန်တယ်။
ကိုယ့်ကိုကိုယ် ပြန်လည် သတိပေးရင်း
မင်းကိုယ်မင်းသိပါ
မင်းရဲ့ သတ္တိကို ငါချီးကျူးတယ်။ မင်းဟာ အောင်မြင်မှုနဲ့
ထိုက်တန်တဲ့သူဖြစ်တယ်။ မင်းဟာ ရဲရင့်သူဖြစ်တယ်။
မင်းသွားနေတဲ့ အောင်မြင်မှုခရီးကို ဘယ်အခက်အခဲအ
တားအဆီးမှ မဖျက်ဆီးနိုင်ဘူး။ မင်းဟာ တန်ဖိုးရှိသူဖြစ်
တယ်။မင်းဟာ ယောက်ျားကောင်းတစ်ယောက်ပဲ။
ကောင်းခြင်းများစွာနဲ့ ပဲမင်းထိုက်တန်တယ်ဆိုတာ သိပါ။
မင်းကိုယ်မင်းသိပါ
မင်းရဲ့ သတ္တိကို ငါချီးကျူးတယ်။ မင်းဟာအောင်မြင်
မှုနဲ့ထိုက်တန်တဲ့သူဖြစ်တယ်။ မင်းဟာ ရဲရင့်သူဖြစ်
တယ်။ မင်းသွားနေတဲ့ အောင်မြင်မှုခရီးကို ဘယ်အ
ခက်အခဲအတား အဆီးမှ မဖျက်ဆီးနိုင်ဘူး။ မင်းဟာ
တန်ဖိုး ရှိသူဖြစ်တယ်။ မင်းဟာယောက်ျား ကောင်း တစ်ယောက်ပဲ။ ကောင်းခြင်းများစွာနဲ့ပဲမင်းထိုက်တန်
တယ်ဆိုတာ သိပါ။
မင်းကိုယ်မင်းသိပါ
မင်းရဲ့ သတ္တိကို ငါချီးကျူးတယ်။ မင်းဟာအောင်မြင်
မှုနဲ့ထိုက်တန်တဲ့သူဖြစ်တယ်။ မင်းဟာ ရဲရင့်သူဖြစ် တယ်။ မင်းသွားနေတဲ့ အောင်မြင်မှုခရီးကို ဘယ်အ ခက်အခဲအတား အဆီးမှ မဖျက်ဆီးနိုင်ဘူး။ မင်းဟာ
တန်ဖိုး ရှိသူဖြစ်တယ်။ မင်းဟာယောက်ျား ကောင်း တစ်ယောက်ပဲ။ ကောင်းခြင်းများစွာနဲ့ပဲမင်းထိုက်တန် တယ်ဆိုတာ သိပါ။
မင်းကိုမင်းသိပါ
မင်းရဲ့ သတ္တိကို ငါချီးကျူးတယ်။ မင်းဟာ
အောင်မြင်မှုနဲ့ထိုက်တန်တဲ့သူဖြစ်တယ်။
မင်းဟာ ရဲရင့်သူဖြစ်တယ်။ မင်းသွားနေတဲ့ အောင်မြင်မှုခရီးကို ဘယ်အခက်အခဲအ
တား အဆီးမှ မဖျက်ဆီးနိုင်ဘူး။ မင်းဟာ
တန်ဖိုး ရှိသူဖြစ်တယ်။ မင်းဟာ ယောက်ျား
ကောင်း တစ်ယောက်ပဲ။ ကောင်းခြင်းများ
စွာနဲ့ပဲမင်း ထိုက်တန်တယ်ဆိုတာ သိပါ။
မင်းဟာ အောင်မြင်သူပါ
မင်းရဲ့ သတ္တိကို ငါချီးကျူးတယ်။ မင်းဟာ အောင်မြင် မှုနဲ့ ထိုက်တန်တဲ့သူဖြစ်တယ်။ မင်းဟာ ရဲရင့်သူဖြစ် တယ်။ မင်းသွားနေတဲ့ အောင်မြင်မှုခရီးကိုဘယ်အ ခက်အခဲ အတားအဆီးမှ မဖျက်ဆီးနိုင်ဘူး။ မင်းဟာ တန်ဖိုးရှိသူဖြစ်တယ်။ မင်းဟာ ယောက်ျားကောင်း တစ်ယောက်ပဲ။ ကောင်းခြင်းများစွာနဲ့ ပဲမင်းထိုက်တန် တယ်ဆိုတာ သိပါ။
ဘာကြောင့် မီလျံနာမဖြစ်သေးတာလဲ?
မီလျံနာဖြစ်ချင်သူတွေ အများကြီးရှိပါတယ်.။ ဒါပေမယ့် ဘာကြောင့်မဖြစ်သေးတာလဲ? ဘာတွေလိုအပ်နေတာလဲ? ဘာတွေ ပြုပြင်ရမလဲ? Entrepreneur.com ရဲ့ Contributer တစ်ယောက်ဖြစ်တဲ့ Timothy Sykes ကတော့ အောက်ပါအချက်တွေကြောင့်လို့ ရှင်းပြထားပါတယ်.။
(1) သင့်ကို လမ်းပြပေးမယ့်သူ မရှိခြင်း
အောင်မြင်မှုရဖို့အတွက် သင့်နားမှာ positive ဖြစ်တဲ့သူတွေ ဝန်းရံနေဖို့လိုပါတယ်.။ ပိုအရေးကြီးတာက သင်လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ၊ မရောက်သေးဘူးဆိုတာ ညွှန်ပြပေးနိုင်မယ့် သင်ယုံကြည်ရသူတစ်ယောက် ရှိဖို့လိုပါတယ်.။
(2) စတေးသင့်တဲ့အရာတွေကို မစတေးနိုင်သေးခြင်း
အောင်မြင်မှုရဖို့အတွက် ဖယ်ရှားစတေးပစ်ရမယ့် အရာတွေရှိပါတယ်.။ ဥပမာ - နေ့တိုင်းသူငယ်ချင်းတွေနဲ့ အလုပ်ချိန်ပြင်ပမှာ သွားလာစားသောက်နေမယ်၊ ပါတီတွေကလပ်တွေတက်နေမယ်ဆိုရင်တော့ သင့် Career ကို တိုးတက်အောင်လုပ်ဖို့ သင့်မှာ အချိန်ရှိမှာမဟုတ်ပါဘူး.။
(3) ကျရှုံးမှာကြောက်နေခြင်း
ကျရှုံးမှာကတော့ သေချာပါတယ်.။ ဘယ်အောင်မြင်တဲ့ လုပ်ငန်းရှင်မှ တစ်ခါမှမကျရှုံးဖူးဘူးဆိုတာ မရှိပါဘူး.။ အရေးကြီးတာက တစ်ခါကျရှုံးဖူးတာကို သင်ခန်းစာယူနိုင်ဖို့ဖြစ်ပါတယ်.။
(4) သေချာတဲ့ ရည်ရွယ်ချက်မရှိတဲ့အတွက် သေချာတဲ့လုပ်ဆောင်ချက်တွေလဲ မရှိခြင်း
တိကျသေချာတဲ့ရည်ရွယ်ချက်မရှိတဲ့အခါ အဲဒီရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အိုင်ဒီယာတွေ၊ actions တွေလဲမရှိပါဘူး.။ ဒီလိုဖြစ်နေရင်တော့ ဘယ်တော့မှ မီလျံနာဖြစ်မှာ မဟုတ်ပါဘူး.။
(5) တခြားသူတွေကတော့ အောင်မြင်နိုင်တယ်၊ ငါကတော့ ဘယ်တော့မှ မီလျံနာ မဖြစ်လောက်ပါဘူးလို့ တွေးခြင်း
သူများတွေဖြစ်ရင် သင်လည်းဖြစ်ရမယ်လို့ ယုံကြည်ထားပါ..။ယုံကြည်ချက်ဟာ တော်တော်အရေးကြီးပါတယ်.။ ဖြစ်အောင်လုပ်မယ်လို့ ယုံကြည်လိုက်တာနဲ့ ခရီးတစ်ဝက်ရောက်ပြီးဖြစ်ပါတယ်.။
(6) သင့်ရဲ့ Background နဲ့ Location က သင့်အောင်မြင်မှုကို တားဆီးနေတယ်လို့ ထင်နေခြင်း
တကယ်တော့ သင်ပဲအရေးကြီးပါတယ်.။ Background တွေ Location တွေဆိုတာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာတွေပါ.။ မြန်မာပြည်မှာကိုပဲ မီလျံနာတွေ အများကြီးရှိနေပါပြီ.။
(7) Internet မသုံးခြင်း
Internet ဟာ ကမ္ဘာကိုပြောင်းလဲခဲ့ပြီးပါပြီ.။ ရှေ့ဆက်ပြီးတော့လဲ ပြောင်းလဲနေဦးမှာပါ.။ အင်တာနက်ပေါ်က သင်ယူစရာရှိသမျှကို သင်ယူဖို့လိုပါတယ်.။ ဒီနေရာမှာ အင်တာနက်ဆိုတာ Facebook ကိုပြောခြင်းမဟုတ်ပါ.။
(8) ပျော်ရွှင်မှုကို ငွေကြေးနဲ့ ဝယ်ယူလို့မရဘူးလို့ သင်ထင်ပါတယ်၊ ဒါပေမယ့် လွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်ဆိုတာ သင်မေ့နေတယ်
ပိုက်ဆံရှိခြင်းအားဖြင့် သင်လွတ်လွတ်လပ်လပ်နေလို့ရတယ်ဆိုတာ သေချာပါတယ်.။ စိတ်ပူစရာမရှိဘူး၊ Stress မရှိဘူး၊ ကြိုက်တာလုပ်မိုက်တာလုပ်ပဲ.။ ဒီလိုနေနိုင်ခြင်းဟာလဲ ပျော်ရွှင်ခြင်းပါပဲ.။
(9) သင်ပေါင်းသင်းတဲ့ သူတွေမှားနေခြင်း
အပေါ်မှာပြောခဲ့သလိုပဲ သင့်ပတ်ဝန်းကျင်ရှိလူများဟာ သင့်ကို support ပေးတဲ့သူတွေပဲ ဖြစ်သင့်ပါတယ်.။
(10) သင့်ကိုယ်သင် မမြှင့်တင်ခြင်း
သင့်ရဲ့ skills တွေ knowledge တွေကို အမြဲတမ်းအဆင့်မြှင့်တင်နေဖို့လိုပါတယ်.။ အချိန်ပိုကြာရင် ကြာပါလိမ့်မယ်၊ အလုပ်ပိုများရင်များပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ အနာဂတ်မှာ အောင်မြင်မှုရဖို့ ပိုသေချာပါတယ်.။ Task တစ်ခုကို လွယ်လွယ်ကူကူပြီးသွားလို့ အလုပ်မှာမျက်နှာပွင့်ချင်ရင် ပွင့်ပါလိမ့်မယ်.။ အဲဒီ Task ဟာ ခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘဲ၊ သင့်ကိုလဲ တိုးတက်စေတဲ့ Task မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဆိုရင်တော့ သင့်ရဲ့ အနာဂတ်တက်လမ်းကို အကျိုးမပြုဘူးဆိုတာ သတိပြုသင့်ပါတယ်.။
Ref: Entrepreneur
Aung Mon Chan
Sunday, 24 January 2016
မျှော်လင့်ရာတွင်
=> ရိုးသားခြင်းဆိုတာ ၇ှားပါးဈေးကြီးတဲ့ လက် ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီ က မမျှော်လင့်ပါနဲ့။
<= သင်ရိုးသားသလို လူတိုင်းရိုးသားမယ်လို့ ဘယ်တော့မှ အသေအချာ တွက် မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာတော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုး ကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။
Credit : Warren Buffet
ရင်းနီးရာတွင်
=> ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ် ခုထဲစုပြုံမထည့်ထားပါနဲ့။
<= အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံ တွေအားလုံးကို တစ်နေရာထဲ စုပြုံမရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါ တယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီး ထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါ လိမ့်မယ်။
Credit : Warren Buffet
စွန့်စားရာတွင်
=> ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။
<= မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စား ပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စား ရာမှာတော့ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုး မလုပ်ပါနဲ့။
Credit : Warren Buffet
ပိုက်ဆံစုရာတွင်
=> သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။
<= သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာ ရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာက လည်း တစ်သက်လုံး စုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့တန်ဖိုးမြင့် ဖို့ သင့်အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။ စာအုပ် တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံ လိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။
Credit : Warren Buffet
ပိုက်ဆံသုံးရာတွင်
=> သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ် တယ်။
<= တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင် တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေ ပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲကြည့်တတ် တဲ့သူမျိုးတွေ ပါ။ သူများလုပ်တာလိုက်လုပ်ချင် တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကိုမေ့နေ တတ်ကြပါတယ်။ ကိုယ်ကမချမ်း သာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhoneပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါ တယ်။
Credit : Warren Buffet
ပိုက်ဆံရှာရာတွင်
=> ဘယ်တော့မှဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ် တည်ပါနဲ့။ အခြား ဒုတိယဝင်ငွေ ဝင်နိုင်အောင်ရင်း နှီးထားပါ။
<= လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံ ပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါ တယ်။ ဒါ့ကြောင့် ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။
Credit : Warren Buffet
Saturday, 23 January 2016
အပေါ်အမြင့်ကိုရောက်အောင်သွားပါ
တောင်ကြီး ဖဝါးအောက်လို့ ငါသတိရချိန်မှာ တောင်ထိပ် ကို ရောက်အောင်သွားဖို့ အားတွေရှိလာတယ်။
လှိုင်းကြီး လှေအောက်လို့ ငါသတိရချိန်မှာ ငါ့ဘဝလှေကို ဆက်လက် သတ္တိရှိစွာ ပဲ့ကိုင်ဖို့ အားတွေရှိလာတယ်။
နေဝင်ပြီးရင် နောက်တစ်နေ့ အလင်းတန်းကိုပေးစွမ်းမဲ့ နေလုံးကြီးက အမြဲစောင့်ကြိုနေမယ်။
ဘဝခရီးမှာ မင်းဘယ်လောက်ပဲ ပင်ပန်းပါစေ ပန်းတိုင်ဝင်ဖို့ ပြေးနေတယ်ဆိုရင် ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ပါ။ ဘာလို့လဲဆိုရင် ပန်းတိုင်ပျောက်နေတဲ့သူထက်စာရင် မင်းတော်တယ်။
=> ကိုယော
အသိတစ်ခု
* ကိုယ်သွားမျှားတဲ့ငါးကို ကိုယ်ကြိုက်တဲ့ ပေါင်မှုန်နဲ့ မမျှားပဲ သူကြိုက်တဲ့တီနဲ့မျှားပါ။
* ကြိုးစားချိန်မှာ ပင်ပန်းမှာပဲ မကြိုးစားဘူး ဆိုရင် တစ်သက်လုံး ပင်ပန်း မှာပဲ။
* ကိုယ်ဘာမှမသိဘဲ လုပ်ရင် မအောင်မြင်နိုင်သလို ကိုယ်သိနေပြီးတော့ မလုပ်ရင်လဲ မအောင်မြင်နိုင်။
အသိအမြင်ကျယ်စေတဲ့ စကားစုလေနဲ့အားဖြည့်
=> ကိုယော
Always Sharpen your Axe!
လုပ်စရာရှိတာကို မလုပ်ပဲ ဘယ်အရာမှ မပြီးမြောက်ဘူး။
လုပ်သင့်တာကိုလဲ မလုပ်ပဲ ဘယ်အရာမှ ဖြစ်မလာဘူး။
A rolling stone gathers no moss. လိမ့်နေတဲ့ ကျောက်တုံးဟာ ဘယ်တော့မှ ရေညှစ်မတက်ဘူး။
ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်း
အားလုံးကိုလေးစားလျှက်
ကိုယော
Law Of Universe
စိုက်ပျိုးခြင်းနဲ့ ရိပ်သိမ်းခြင်းဆိုတဲ့ နိယာမကို သင်ယူပါ။
လူများစုက ဆွပ်ခူးဖို့လောက်သာ ဆန္ဒရှိတယ်။
သင်တကယ် ရိပ်သိမ်းချင်ရင် စိုက်ခဲ့ဖို့တော့လိုမယ်။
မစိုက်မပျိုးခဲ့ပဲနဲ့တော့ ရိပ်သိမ်းဖို့ကို မမျော်လင့်ပါနဲ့။
ဒါ စကြာဝဠရဲ့ အမှန်တရားတစ်ခုပါ။
နားလည်မိတာလေးကို ပြန်လည်ဝေမျှပါရစေ။
လေးစားလျှက်
ကိုယော
လူတိုင်း Sharing လုပ်ကြတယ်
* အောင်မြင်တဲ့သူ နဲ့ အောင်မြင်ချင်တဲ့သူတွေက သတင်းကောင်းနဲ့ စိတ်အားထက်စေမဲ့ အကြောင်းကိုပဲ Share တယ်။
* မအောင်မြင်သူနဲ့ အောင်မြင်ဖို့ခဲယဉ်းတဲ့သူတွေက အတင်းနဲ့ စိတ်ဓာတ်ကျစေမဲ့ အကြောင်းပဲ Share တယ်။
* ဒါက စိတ်ဓာတ်ဖွံ့ဖြိုးသူနဲ့ စိတ်ဓာတ်ညံ့ဖြဉ်းသူရဲ့ ကွာခြားချက်ပဲ။
* ဒီတော့ ကိုယ်ဘယ်လိုလူဖြစ်နေပြီး ဘယ်လိုလူဖြစ်ချင်လဲ ဆန်းစစ်နိုင်ရင် နေ့တိုင်း သင့် Sharing ကောင်းလာမယ်။
* ဒီတော့ အပြောကောင်းသူတွေဟာ အကောင်းပြောတာ များလို့ပါ။
တွေးမိတာလေးကို ရေးမိပြီး ပြန်လည် Sharing လုပ်လိုက်ပါတယ်။
လေစားစွာဖြင့်
ကိုယော
Friday, 22 January 2016
“ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ
မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
"ကုဗကျင်း"
======
- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
- ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ 
ကွန်ကရစ်လောင်းခြင်းတို့ 
မြေကြီးတူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။
- ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။
- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် 
သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် 
သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် 
သဲကျင်းဝက် ကျောက်၁ ကျင်း
- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
"စကွဲယားကျင်း"
=========
- စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
- ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့ 
အမိုးမိုးခြင်းတို့ 
ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။
- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး
- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
"သံချောင်း"
======
- သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက
ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
"ဘိလပ်မြေ"
=======
- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး
အိတ်၂၀ ဟာ ၁ တန်ပါ။
- သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ
သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
(Htin Kyaw)
credit - Htin Kyaw
Thursday, 21 January 2016
ကျွန်တော်နှစ်သက်သော စာစုလေးများ
(၁) မင်းလဲကျတာကို ငါစိတ်မပူဘူး
မင်းပြန်မထမှာကိုပဲ ငါစိတ်ပူတယ်။
(Lin Coln)
(၂) အားလုံးအပေါ် ယဉ်ကျေးသိမ်မွေ့ပါ။
အများနဲ့ လိုက်လျောညီထွေနေထိုင်ပါ။
လူနည်းငယ်နဲ့သာ ရင်းရင်းနှီးနှီးနေထိုင်ပါ။
မိတ်ဆွေကောင်းတစ်ယောက်သာထားပါ။
ရန်သူတစ်ယောက်မျှမရှိပါစေနဲ့။
( Benjsmin) အမေရိကန်သမ္မတ
(၃) လူမိုက်တစ်ယောက်ရဲ့ လျှာဟာ သူ့ရဲ့ အကြံဉာဏ်တွေ ထင်မြင်ချက်တွေကို ပြောဖို့အတွက် အဓိကအရာပင်ဖြစ်တယ်။
ပညာရှိတစ်ယောက်ရဲ့ လျှာကတော့ သူ့ရဲ့ တတ်သိလိမ္မာမှုတွေကို သိမ်းဆည်းထားတဲ့အရာဖြစ်တယ်။
(ဆိုကရေးတီး-ဂရိအတွေးအခေါ်ပညာရှင်)
(၄) စာဖတ်သောလူမျိုးသည် တိုးတက်၍
တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်။
(ဦးသန့်)
(၅) ကြီးမြတ်သော လူတွေက ဘာသာရေးကို မိတ်ဆွေဖွဲ့ဖို့ သုံးတယ်။ သိမ်ဖျင်းတဲ့လူတွေက
ဘာသာရေးကို တိုက်ခိုက်ဖို့အတွက် သုံးတယ်။
( Dr.Abdul Kalam ) အိန္ဒိယသမ္မတ
(၆) စစ်လက်နက်ပစ္စည်းနဲ့ တက်သိမ်းစရာမလိုဘူး။ ပညာတတ်အောင်လုပ်။ သူဟာသူ ကျွန်ခံလာလိမ့်မယ်။
(Lee Kuan Yew)
(၇) မြင့်မြတ်သော သူတစ်ဦးသည် မိမိအောက် ယုတ်နိမ့်သောသူတို့အား ပြုမူပုံဖြင့် မိမိ၏ မြင့်မြတ်ပုံကို ထင်ရှားစေလေသည်။
(Dale Carnegie )
(၈) ကိုယ့်စိတ်ကူးအိပ်မက်ကို ကိုယ့်ဘာသာကို မတည်ဆောက်ရင်တော့ အခြားသူတွေက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို တည်ဆောက်တဲ့အခါမှာ မင်းကို အသုံးချသွားပါလိမ့်မယ်။
( Dhirubhai Ambani)
(၉) အသိဉာဏ်နည်းသူက လက်စားချေတယ်။
အသိဉာဏ်အားကောင်းသူက ခွင့်လွတ်တယ်။
အသိဉာဏ်ကြွယ်ဝသူက မသိကျိုးကျွံပြလိုက်ကြတယ်။
(Einstein)
(၁၀) အစိုးရကို ဝေဖန်တာက မင်းအပြစ်မဟုတ်ဘူး။ ကိုယ့်ရှေ့က အမှိုက်ကို မကောက်ဘဲ ဝေဖန်ရေးပဲ ထိုင်လုပ်နေရင်တော့
မင်းအပြစ်ဖြစ်သွားပြီ။
( Bill Gates)
(၁၁) တိုင်းပြည်က သင့်ကို ဘာလုပ်ပေးနိုင်မလဲလို့ မေးမည့်အစား တိုင်းပြည်အတွက် သင်က ဘာလုပ်ပေးနိုင်မလဲ သင့်ကိုသင် မေးပါ။
(JK.Kennedy) အမေရိကန်သမ္မတ
(၁၂) ပါရမီဆိုသည်မှာ ထူးကဲသော ဉာဏ်တစ်ကျပ်သား၌ ချွေးစပ် ကိုးကျပ်သား
ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
(Edison)
(၁၃) ကျွန်တော်တို့ အခြားတစ်ယောက် ဒါမှမဟုတ် တစ်ခြားအချိန်ကို စောင့်နေမယ်ဆိုရင် ပြောင်းလဲမှုဆိုတာ ရောက်ရှိလာမှာမဟုတ်ပါဘူး။
(အိုဘားမား အမေရိကန်သမ္မတ)
(၁၄) ပထမတော့ မင်းကို သူတို့က မသိကျိုးကျွံပြုကြလိမ့်မယ်။ နောက်ပြီး မင်းကို လှောင်ရယ်ကြလိမ့်မယ်။ ပြီးတော့ မင်းကို တိုက်ခိုက်ကြလိမ့်မယ်။ ဒါဆိုရင် မင်းနိုင်နေပြီလေ။
(ဂန္ဒီ)
(၁၅) အောင်မြင်ဖို့အတွက် လှပတဲ့မျက်နှာမလိုဘူး။ တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိဖို့မလိုဘူး။
မင်းတကယ်လိုအပ်တာက တကယ်အလုပ်လုပ်ချင်တဲ့စိတ်ပါ။
(Mr.Bean)
(၁၆) ကျွန်ုပ်၏ နာကျင်မှုဝေဒနာဟာ တစ်စုံတစ်ဦး ပျော်ရွှင်ရယ်မောစေဖို့အတွက် ဖြစ်နိုင်ကောင်းပေမယ့် ကျွန်ုပ်ပျော်ရွှင်ရယ်မောစေဖို့အတွက်တော့
တစ်စုံတစ်ဦးအား နာကျင်စေရန် ဘယ်တော့မှမဖြစ်စေလိုပါ။
(Charlie Chaplin)
(၁၇) မိုင်ပေါင်းများစွာ ဝေးကွာသော ခရီးသည် ခြေတစ်လှမ်းနဲ့ပင် စတင်သည်။
(လောင်ဇူး-တရုတ်အတွေးအခေါ်ပညာရှင်)
(၁၈) အလုပ်မလုပ်တဲ့ လူသားတစ်ယောက်ဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်မုတ်ပါဘူး။ ပြီးတော့ လူ့ဘောင်အဖွဲ့အစည်းမှာလည်း ရပ်တည်ဖို့ နေရာမရှိပါဘူး။
(Helen Keller)
(၁၉) အခြားသူတစ်ယောက်ရဲ့ ခံစားချက်နဲ့ ဘယ်တော့မှ မကစားမိပါစေနဲ့။ အဲ့ဒီကစားပွဲကဘသင်နိုင်ချင်နိုင်မယ် ။ သေချာတာကတော့ အဲ့ဒီလူကို သင့်တစ်ဘဝလုံး ဆုံးရှုံးသွားလိမ့်မယ်။
(Shakespeare)
(၂၀) ကျောင်းမှာ နိုင်တဲ့သူနဲ့ ရှုံးတဲ့သူဆိုတာရှိတယ်။ ဘဝမှာမရှိဘူး။ ကျောင်းက သင့်ကို အခွင့်အရေးမပျက်ပေးပြီးတော့ အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိပါဘူး။
(Bill Gates)
(၂၁) ဘဝဆိုတာ အဝေးကကြည့်ရင် လွမ်းမောစရာပေါ့။ အနီးကပ်ကြည့်ရင်တော့ ရယ်စရာဟာသတစ်ခုပါပဲ။
(Charlie Chaplin )
(၂၂) အပြစ်တင်ခြင်းသည် အပြစ်တင်ခံရသူ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ရာလည်း ရောက်၏။ သူ့ကိုယ်သူ အထင်ကြီးနေသောစိတ်ကိုလည်း
နာကျည်းစေသည်။
(Dale Carnegie )
(၂၃) လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့
အမှန်တရားကို မြတ်နိုးမှုပဲ ဖြစ်ပါတယ်။ အခြေအနေ အချိန်အခါမရွေး မှန်တာကို ထုတ်ပြောရဲတဲ့ သတ္တိရှိရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
(၂၄) သင်ပြောရမယ့် စကားတစ်ခွန်းကို သတိထားပါ။ စိတ်နာစရာ စကားတစ်ခွန်းကို ဆယ်စက္ကန့်အတွင်း သင်ပြောနိုင်ပေမယ့် အဲ့ဒီစကားကြောင့် ခံစားသွားရတဲ့စိတ်ဒဏ်ရာက
ဆယ်နှစ်ကြာသွားရင်တောင်မှ ကျန်နေပါလိမ့်မယ်။
(Joel Osteen)
(၂၅) လုံးဝ ရန်မဖြစ်ပါနဲ့။ ကိုယ့်အစွမ်းအစကို ယုံကြည်သူအဖို့ ရန်ဖြစ်ဖို့ အချိန်မပေးနိုင်ပါဘူး။
ခွေးကို လမ်းဖယ်ပေးလိုက်တာဟာ ခွေးကိုက်ခံရတာထက် နှိုင်းယှဉ်ရင် ပိုအကျိုးရှိပါလိမ့်မယ်။
(Lin Coln)
(၂၆) ဘုရားကျောင်းထဲမှာ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းတယ်လို့ ရွတ်ဆိုရတယ်။ ငါ့ဓာတ်ခွဲခန်းထဲမှာတော့ အရာအားလုံးကို ငါပဲ ဖန်ဆင်းပါတယ်။
(Albert Einstein)
(၂၇) လူတိုင်း ကမ္ဘ္ဘာကြီးကို ပြောင်းလဲရန် စဉ်းစားကြသော်လည်း မည်သူမျှ မိမိကိုယ်ကို ပြေညင်းလဲရန် မစဉ်းစားကြပေ။
(Leo Tolstoy)
(၂၈) လုပ်ဆောင်ချက်တစ်ခုကို မပြင်ဘဲ ဆက်တိုက်လုပ်နေပြီး ကွဲပြားထူးခြားတဲ့ ရလဒ်ကို လိုချင်နေရခြင်းက ရူးသွပ်မှုတစ်ခုပါပဲ။
(Albert Einstein )
(၂၉) ဘဝဆိုသည်မှာ သင့်ကိုသင် ရှာဖွေတွေ့ရှိဖို့မဟုတ် သင့်ကိုသင် ဖန်တီးတည်ဆောက်ယူဖို့ ဖြစ်တယ်။
(George Bernard Shaw)
(၃၀) တကယ်လို့ သင့်ရဲ့ ပြုမူကျင့်ကြံပုံက တခြားသူကို စိတ်ငကူးအိပ်မက် မက်ရဲအောင် ပို၍ သင်ယူလိုစိတ်ရှိအောင် ပို၍ လက်တွေ့လုပ်ဆောင်ချင်အောင် ပိုမိုကောင်းမွန်စေအောင် နိုးဆွနိုင်ခဲ့ရင် သင်ဟာ ခေါင်းဆောင် ဦးဆောင်သူ ဖြစ်တယ်။
(John Quincy Adams)
(၃၁) သင်္ချာမှာ အခြေခံ Base မတူရင် ပေါင်းလို့ နှုတ်လို့ မရပါဘူး။ လူမှာလည်း အခြေခံစိတ်ဓာတ်ခြင်း မတူရင် ပေါင်းလို့ သင်းလို့ မရပါဘူး။ ဒါပေမယ့် လူတိုင်းကိုတော့ ပေါင်းသင်းပါ။ မူတိုင်းကိုတော့ မလိုက်မိစေနဲ့။
(ရေနံ့သာ ဇော်ဇော်မြင့်)
(၃၂) ငြိမ်းချမ်းရေးကို တည်ဆောက်သူ ငြိမ်းချမ်းရေးကို မြတ်နိုးသူသည် ရှေးဦးစွာ မိမိကိုယ်ကို စိတ်တည်ငြိမ်မှု စိတ်အေးချမ်းမှုရအောင် ကြိုးစားအားထုတ်သူ ဖြစ်နေရမည်။
(ဦးသန့်)
(၃၃) သင်သာ ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့ရင် အဲ့ဒါ ခင်ဗျားအမှားမဟုတ်ပါဘူး။ ဒါပေမယ့် ချို့ချို့တဲ့တဲ့နဲ့ သေဆုံးသွားရင်တော့ ခင်ဗျားအပြစ်ပဲ။
(Bill Gates)
(၃၄) ကိုယ့်နေရာကိုသာကြည့်ပြီး သူ့နေရာကို ဝင်မကြည့်ဘူးဆိုရင် စာနာစိတ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။
(ဆရာတော် အရှင်ဆန္ဒာဓိက)
(၃၅) ပါးစပ်မှာ ခဲဖျက်မပါဘူး။ ပြောပြီးသွားရင် ပြန်ဖျက်လို့ မရဘူး။ မလိုအပ်ရင်မပြောနဲ့။ လိုအပ်ရင် နည်းနည်းပြော။ များများပြောရင် များများမှားမယ်။
(သီတဂူဆရာတော် အရှင်ဉာဏိဿရ)
(၃၆) ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်မည့်အစား ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်ဆိုတာ သိလာတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်နိုင်ဖို့က အလွန်အရေးကြီးလို့ပဲ။ အဲ့ဒါကို အရင်လုပ်မယ်။ ပြီးရင်တော့ ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့်နေရာ ဘယ်လိုပါဝင်ရမလဲဆိုတာတွေ လုပ်မယ်။
(Jack Ma)
(၃၇) ကျွန်မ အမြဲတမ်းစဉ်းစားမိတယ်။စိန်ခေါ်မှုတွေက စိတ်ဝင်စားမှုကောင်းပြီး မင်းကို ပိုတော်တဲ့ လူတစ်ယောက်ဖြစ်အောင် ကူညီပေးတယ်။
(ဒေါ်အောင်ဆန်းစုကြည်)
(၃၈) ပျံသန်းဖို့အတွက် သင်ပေးတာကို
ကြောက်နေတယ်ဆိုရင်တော့ လေဟုန်စီးတဲ့ငှက်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။
(ဦးဘုန်း-ဓာတု)
(၃၉) တူအောင်လုပ်မှ တန်အောင်ရမယ်။
ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်နဲ့တူအောင် လုပ်မှ အဲ့ဒီအလုပ်နဲ့ ထိုက်တန်တဲ့အကျိုးရရှိခံစားလာမှာပါ။
(ဘုံမြင့်-အရှင်)
(၄၀) ရာထူး ဂုဏ်သိမ် စည်းစိမ် အာဏာတွေ ဘယ်လောက်ပဲ ပြည့်စုံချမ်းသာကြွယ်ဝနေပါစေ
ကြင်နာမှု ခေါင်းပါးနေရင်တော့ သူတောင်းစားလောက်မှ အဆင့်အတန်းမရှိတဲ့လူပါ။
(ဘုံမြင့်-အရှင်)