Saturday, 23 January 2016

အပေါ်အမြင့်ကိုရောက်အောင်သွားပါ

တောင်ကြီး ဖဝါးအောက်လို့ ငါသတိရချိန်မှာ တောင်ထိပ် ကို ရောက်အောင်သွားဖို့ အားတွေရှိလာတယ်။
လှိုင်းကြီး လှေအောက်လို့ ငါသတိရချိန်မှာ ငါ့ဘဝလှေကို ဆက်လက် သတ္တိရှိစွာ ပဲ့ကိုင်ဖို့ အားတွေရှိလာတယ်။
နေဝင်ပြီးရင် နောက်တစ်နေ့ အလင်းတန်းကိုပေးစွမ်းမဲ့ နေလုံးကြီးက အမြဲစောင့်ကြိုနေမယ်။
ဘဝခရီးမှာ မင်းဘယ်လောက်ပဲ ပင်ပန်းပါစေ ပန်းတိုင်ဝင်ဖို့ ပြေးနေတယ်ဆိုရင် ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ပါ။ ဘာလို့လဲဆိုရင် ပန်းတိုင်ပျောက်နေတဲ့သူထက်စာရင် မင်းတော်တယ်။

=> ကိုယော

No comments:

Post a Comment