Wednesday, 10 February 2016

ဘဝမှာ

* ဘဝမှာ အခက်အခဲ တွေ့ရင် နည်းလမ်းရှာပါ။
* ဘဝမှာ ထွက်ပေါက်မရှိရင် ဖောက်ထွက်ပါ။
* ဘဝမှာ Reason များနေရင် Result မထွက်ဘူး။
* ဘဝမှာ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတယ်။
* ဘဝမှာ Fruits ကို ပြောင်းလဲချင်ရင် Roots ကိုပြောင်းလဲဖို့လိုတယ်။
* ဘဝမှာ ဆွတ်ခူးချင်ရင် စိုက်ခဲ့ဖို့တော့လိုတယ်။
* ဘဝမှာ အားအင်ရှိနေဖို့ဆို အားသွင်းထားဖို့လိုတယ်။
* ဘဝမှာ ပေးဆပ်ခြင်းမရှိပဲနဲ့ မရယူလိုပါနဲ့။
* ဘဝမှာ အချိန်ပေးရင် အရှိန်ပြေးတယ်။
* ဘဝမှာ သိုလှောင်ထားမှ ပြန်လည်ထုတ်ယူသုံးစွဲနိုင်တယ်။
* ဘဝမှာ ပြန်လည်သင်ကြားနိုင်ဖို့ သင်ယူထားဖို့လိုတယ်။
* ဘဝမှာ ဦးဆောင်နိုင်ဖို့ နောက်လိုက်ကောင်းဖြစ်ခဲ့ဖို့လိုတယ်။
* ဘဝမှာ ကိုယ့်အိမ်မက်ကို အကောင်အထည် မဖော်ဘူး ဆိုရင် သူများအိမ်မက်အကောင်အထည်ဖော်တဲ့နေရာမှာ အငှာခံရမယ်။
* ဘဝမှာ မှန်ကန်တဲ့ အနာခံရင် အသာစံတယ်။
* ဘဝမှာ မှန်ကန်တဲ့ သိမြင်နားလည်မှုဟာ မှန်ကန်တဲ့ စိတ်ထားကို ဖြစ်စေတယ်။
* ဘဝမှာ ကိုယ့်ဘဝအတွက် ကိုယ့်မှာပဲ တာဝန်အပြည့်ရှိတယ်။
* ဘဝမှာ တိုးပွားလိုရင် ရင်းနှီးမြှပ်နှံဖို့လိုတယ်။
* ဘဝမှာ တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ရမယ် ဒါမှ အဟုတ်ဖြစ်မယ်။
* ဘဝမှာ သင့်ကိုတန်ဖိုးထားသူကို ဘယ်တော့မှ အဆုံးရှုံးမခံပါနဲ့။

No comments:

Post a Comment