Wednesday, 15 July 2015

Success အောင်မြင်မှု

+ See your goal
သင့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ကြည့်ပါ
+ Understand your obstacles
သင့်ရဲ့ အခက်အခဲကို နားလည်ပါ
+ Create your positive mindset pic
အပြုသဘောဆောင်တဲ့ စိတ်ထားကို ဖန်တီးပါ
+ Clear your mind of self-doubt
သင့်ရဲ့ သံသယကို ဖယ်ထုတ်ရှင်းလင်းပါ
+ Embrace the challenges
စိန်ခေါ်မှုတွေကို လက်ခံပါ
+ Stay on track
လမ်းကြောင်းပေါ်မှာရှိနေပါ
+ Show the world you can do it.
သင်လုပ်နိုင်ကြောင်း ပြသပါ

Sunday, 5 July 2015

ချစ်တဲ့မေမေ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အင်္ဂလိပ် Article တစ်ခုထဲက ဖတ်မိခဲ့တာကို ကိုပြန်လည် စဉ်းစားပုံဖော်ပြီးဇာတ်အိမ်ဖွဲ့ ဖော်ကြည့်တာပါ။

သင်္ချုင်းမှ ကျန်မ ပြန်လာပြီး အိမ်ကိုရောက်တော့ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလိုက်တယ်။
ရင်ထဲမှာက ဟာတာတာ ကြီးနဲ့ပေါ့။ တစ်စုံတစ်ခု လိုနေသလို။ တစ်စုံတစ်ခု ဆုံးရှုံးသလို ခံစားချက်နဲ့ပေါ့။
ကိုယ့်ကိုကိုယ် မေားပန်းပြီး အိပ်ပျော်သွားမယ် ထင်ပေမဲ့ အိပ်မပျော်ပါ။
ဒီနေ့ အမေရုပ်ကလပ်ကို ချပြီးပြန်လာတာလေ။

ဒီလိုနဲ့ ဟိုတောင်တွေး၊ မြောက်တွေးနဲ့ အိပ်လို့မရခြင်းအတူတူတော့ အမေအခန်းထဲကို ဝင်မိလျက်သား ဖြစ်သွားတယ်။
အမေအိပ်ရာက သေသပ်သပ်ရပ်စွာနဲ့ရှိနေတယ်။
ဒီအထိ အမေနဲ့ပတ်သက်လို့ ထူးထူးခြားခြား ခံစားချက်မရှိသေးဘူး။

ဒီလိုနဲ့ အမေအိပ်ရာပေါ်တက်ထိုင်ရင်း လက်ကအလိုလို ခေါင်းအုံးကို လန်လောမိတယ်။
ခေါင်းအုံးအောက်မှာ စာတစ်စောင်ထွက်လာတယ်။

ချစ်သမီး
ချစ်သမီး အမေကို အနမ်းကလေးမြန်မြန် လာပေးပါ။ အမေရဲ့ ပါးရေတွန့်ချိန်ထိ မစောင့်ပါနဲ့လား။
ချစ်သမီးလေး အမေကို မြန်မြန်လာပွေ့ဖက်ထားပေးပါ။
သမီးရဲ့ အထိအတွေ့ကို မခံစားနိုင်တဲ့အချိန်ထိ မစောင့်ပါနဲ့လား။
ချစ်သမီး အမေနဲ့ ရင်းနှီးနွေးထွေးစွာ နေပေးပါလား။
အမေမမြင်နိုင်တော့တဲ့ အချိန်ထိ မစောင့်ပါနဲ့လား။
ချစ်သမီး အမေကို ချစ်တယ်လို့ တစ်ခွန်းလောက်ပြောပါလား။
သေခြင်းမြစ်ခြားသွားပြီး အမေမကြားနိုင်တဲ့အချိန်ထိ မစောင့်ပါနဲ့လား။

ဒီစာကို ကျန်မဖတ်ပြီးချိန်မှာ နှလုံးသားတစ်ခုလုံး ပြုတ်ထွက်သွားပြီးလို့တောင် ခံစားလိုက်ရတယ်။
ကျန်မက အမေရဲ့ ခံစားချက် ဘာတစ်ခုမှ နားလည်ခံစားမပေးခဲ့ပါလာားဆိုတာသိလိုက်ရတယ်။
ကျန်မက လောကမှာ လူအများအားကျရလောက်တဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။
အပြင်လောကမှာ အောင်မြင်စွာရပ်တည်နိုင်တဲ့ အမျိုးသမီးပါ။

ကျန်မပြန်မြင်ယောင်မိပါတယ်။
ကျန်မကို အမေက အမြဲတမ်း နီးနီးကပ်ကပ်နဲ့ ကျန်မလိုမယ်ထင်တဲ့ အရာတွေကို အောက်ခြေသိမ်းလုပ်ပေးခဲ့တယ်။
တစ်ခါတစ်လေအပြင်က ညနက်မှ ပြန်လာသော်လဲ အမေက တံခါးစောင့်ဖွင့်ပေးခဲ့တယ်။
အမေက တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်တိုင်း အမေရေ သွားအိပ်တော့ ဘာလို့ ဒီချိန်ထိမအိပ်သေးတာလဲ။
သမီးအရမ်းမောတယ်။ အိပ်တော့မယ်ဆိုပြီး အခန်းထဲကိုပဲ ဦးတည်ခဲ့တယ်။
တစ်ခါတစ်လေ ကျန်မအပြင်ကပြန်လာရင် အမေက သမီး ထမင်းစားပါ။ သမီးကြိုက်တတ်တာကို အမေ ချက်ထားပေးတယ်။
သမီးနဲ့အတူစားဖို့ စောင့်နေတယ်။
အမေကလဲ ကိုယ့်ဖာသာကိုယ်စားပါလား။ သမီးဒီနေ့ စိတ်အရမ်း ရှုပ်ထွေးနေတယ်။ သမီး အခန်းထဲဝင်တော့မယ်။ အမေစားပြီး အိပ်တော့။
တစ်ခါတစ်လေ အိမ်မှာ မိတ်ဆွေတွေနဲ့ ပျော်ရွှင်စွာနေနေချိန် အမေက ထွက်လာပြီး သမီး ဘာတွေလိုအပ်လဲ။ ဘာလုပ်ပေးရမလဲ လာမေးရင် အရမ်းစိတ်ဆိုးပြီး အမေကိုအော်ခဲ့တယ်။ အမေကိုယ့်ဖာသာနေပါတဲ့။ ဒါကိုလဲ အမေက ဘာမှမပြောပဲ ထွက်သွားခဲ့တယ်။
((ကျန်မလေ အမေအပေါ်ဘာတစ်ခုမှ အသိအမှတ်မပြုခဲ့ပါလား သိလိုက်ချိန်မှာ ရင်ထဲက တစ်ဆစ်ဆစ်နာကျင်စွာခံစားလိုက်ရတယ်။ တန်ဖိုးထားရမှန်းကိုမသိလိုက်တဲ့ တန်ဖိုးကြီးတဲ့ အရာတစ်ခု ဆုံးရှုံးလိုက်မှပဲ သိလိုက်ချိန်မှာ ကျန်မအရမ်းနောက်ကျသွားပြီး။))

ကျန်မက ဒီစာကို လာမဲ့ Sunday မှာ Church မှာ ဖတ်ပြရင်း ကျန်မလိုလူတွေ နောင်တနဲ့ မကျန်ခဲ့ဖို့ တောင်းဆိုလိုက်တယ်။
Church လာတက်တဲ့သူ အယောက် ၂၀၀ ကျော်လိုက်ရှိတယ်။
ကျန်မ အမေရေးခဲ့တဲ့စာကို ဖတ်ပြပြီးချိန်မှာ ကျန်မအပါအဝင် လူ အားလုံး မျက်ရည်မကျတဲ့သူမရှိပါ။
နောက်ပြီး လူတော်တော်များများက ကျန်မကို လာပွေ့ဖက်ပြီး နှစ်သိပ်ကြတယ်။
ဒါပေမဲ့ ကျန်မစိတ်က မပြေနိုင်ပါဘူး။
အမေသာလာပွေ့ဖက်ပြီး နှစ်သိပ်ရင် ဘယ်လောက်ကောင်းမလဲပေါ့။

ကျန်တော်စာရေးနေစဉ်မှာပဲ တွေးမိတယ်။
ကျန်တော်တို့ သားသမီးတွေဟာ မိဘတွေဆီက အများကြီး မျှောလင့်တောင်းတပြီး ပြန်လည်တုန့်ပြန်တတ်တဲ့ စိတ်တွေနည်းကြတယ်။
မိဘတွေကလဲလူပဲလေ။
သူတို့လဲ သားသမီးတွေဆီက ကြင်နာနွေးထွေးမှုကို လိုချင်မှာပဲ။
ဒါကြောင့် ကျန်တော်တို့ သားသမီးတွေ ကိုယ့်ကိုပြင်ဆင်ရင်း မိဘရှိနေချိန် နွေးထွေးစာ ဆက်ဆံပေါင်းသင်းပါ။

သင့်ဘဝမှာ အမှန်တကယ် တန်ဖိုးရှိတဲ့အရာကို တန်ဖိုးထားတတ်ဖို့ မမေ့ပါနဲ့။
Don't forget to appreciate what the most precious one in your life.

Creativity တိုးတက်ရန် နာမည်ကျော်အဆိုအမိန့်များ

1. If you always do what you always did, you will always get what you always got. [Albert Einstein]
(၁) သင်အရင်ကလုပ်နေကျအရာတွေပဲလုပ်နေရင် သင်အရင်ကရနေကျအရာတွေပဲ ရမှာပေါ့။ 

2. Even if you are on the right track, you'll get run over if you just sit there. [Will Rogers]
(၂) လမ်းကြောင်းမှန်ပေါ်ရောက်နေသည့်တိုင်အောင်၊ အဲ့ဒိမှာပဲထိုင်နေရင်တော့ ကျော်အတက်ခံရလိမ့်မယ်။

3. Minds are like parachutes; they work best when open. 
[T. Dewar]
(၃) စိတ်ဆိုတာ လေထီးလိုပဲ၊ ဖွင့်လိုက်တော့မှ အကောင်းဆုံးစအလုပ်လုပ်တယ်။ 

4. You cannot discover new oceans unless you have the courage to lose sight of the shore. [Andre Gide]
(၄) ကမ်းခြေကိုမြင်နေရတဲ့ မြင်ကွင်းကို တွယ်တာနေသ၍တော့ မင်းဘယ်တော့မှ သမုဒ္ဒရာအသစ်တွေကို မြင်ဖူးမှာမဟုတ်ဘူး။ 

5. It is not how many ideas you have. It’s how many you make happen.
(၅) သင့်မှာ အိုင်ဒီယာတွေဘယ်လောက်များများရှိတယ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်လောက်များများ အောင်မြင်အောင်လုပ်ဆောင်ခဲ့ပြီးပါပြီလဲ?

အောင်မြင်သူတွေက Comfort Zone ထဲမှာပဲမနေဘူး။

ဒီအချက်ကအောင်မြင်သူနဲ့ ကျရှုံးသူကိုတော်တော်လေး
ခွဲခြားနိုင်တဲ့အချက်ပါ။
ကျရှုံးသူတွေဟာသူတို့ရဲ့ Comfort Zone ထဲကထွက်လေ့မရှိပါဘူး။ 
Comfort Zone ဆိုတာကို အရင်ရှင်းပြပါမယ်။
Comfort Zone ဆိုတာသင်သက်တောင့်သက်သာရှိတယ်လို့ ထင်တဲ့နေရာမျိုးပါ။
ဥပမာ သင်ကလူရှေ့သူရှေ့မှာစကားထွက်ပြောရတာ ထက် ထိုင်ပြီးကြည့်ရတာကိုပဲသဘောကျတယ်ဆိုပါစို့။
အဲ့လိုထိုင်နေတာဟာသင့်ကိုပိုပြီးသက်တောင့်သက်သာ ဖြစ်စေတယ်ဆိုရင် အဲ့ဒါဟာ သင့်ရဲ့ Comfort Zone ပါ။
လူတွေရှေ့မှာစကား ထွက်ပြောဖို့အခွင့်အရေးရှိတိုင်း သင်ငြင်းပယ်ပါလိမ့်မယ်။
ဘာလို့လည်း ဆိုတော့ အဲဒါကိုသင်လုပ်နိုင်တယ်လို့ မယုံကြည်လို့ပါပဲ။
ဒါဟာဥပမာတစ်ခုအနေနဲ့ဖော်ပြတာ ဖြစ်ပါတယ်။
အခြားအရာတွေမှာလည်း သင့်အတွက် Comfort Zone ဆိုတာရှိနေတတ်ပါတယ်။
ဒါပေမယ့်အောင်မြင်တဲ့သူတွေကတော့ Comfort Zone ထဲကထွက်ဖို့ကြိုးစားတတ်ပါတယ်။
သူတို့စိတ်ထဲက“မင်းဒါကိုတော့မလုပ်နိုင်ပါဘူးကွာ”ဆိုတဲ့စကားကို လျစ်လျူရှုပြီး “ငါလုပ်နိုင်တယ်”ဆိုတဲ့ယုံကြည် ချက်နဲ့ Comfort Zone ထဲကထွက်လေ့ရှိပါတယ်။

Saturday, 4 July 2015

ကိုယ်ထူးကိုယ်ချွန်သမားအတွက်

* ကိုယ့်အား ကိုယ်ကိုး *
       သင့်အား မည်သူမျှ အပေါ်အမြင့်သို့ရောက် အောင် ကြိုးဖြင့်ဆွဲမတင်နိုင်။
       ကြိုးကို ကြာကြာဆုပ်ကိုင်မ ထားနိုင်သော အကြောင်းကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်၏။
       သို့သော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၍ တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ်သို့ ရောက်အောင်ပင် သင်တက်နိုင်မည်ဖြစ်၏။
                                            - ဘရန်ဒိုက်စ်

* ကောင်းလည်းကိုယ် ဆိုးလဲကိုယ် *
       လူသညိမိမိကိုယ်ကို ဖန်တီး၏။ လူသည် မိမိကိုယ်ကို ကောင်းအောင်လည်းလုပ်နိုင်၏။ ဆိုးအောင်လည်းလုပ်နိုင်၏။ ကောင်းလိုတိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှုလမ်းကြောင်းကို ကောင်းမည့်ဘက်၊ တိုးတက်မည့်ဘက်သို့ ဦးလှည့်ပေးရလိမ့်မည်။ မိမိကိုယ် မိမိ ဘဝစွမ်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့် ပါရဂူအဖြစ် ခန့်အပ်နိုင်ပြီးဆိုလျှင် တောက်လျှောက် တိုးတက်သွားမှာ သေခြာပေသည်။

* ဖန်တီးသူ မိမိ *
       လောက၏ မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရရှိခဲ့သူတို့ တူညီစွာလက်ခံယုံကြည်ထားကြ သည့် အချက်တစ်ရပ်ရှိသည်။ ယင်းကား မိမိ၏ ကြမ္မာ အဆိုးအကောင်းကို မိမိသာဖန်တီးနိုင်သည်ဟူ၍ ဖြစ်ပါသည်။

ပြောဆိုတတ်ပါစေ

ဂျက်နဲ့  မက်စ်တို့ ဟာ တစ်နေ့ တော့ ဘုရားရှိခိုးပြီး ပြန်လာကြတယ်။ အပြန်လမ်းမှာ ဂျက်က ဆုတောင်းနေတုန်းမှာ ဆေးလိပ်သောက်ရင် သင့်တော်ပါ့မလား ဆိုပြီးတွေးပြီး မက်စ်ကိုမေးတော့ မက်စ်က ဘုန်းတော်ကြီးကို မေးကြည့်ပါလား လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ ပဲ ဂျက်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။

ဂျက်။      ။ဘုန်းတော်ကြီးခင်ဗျာ။ ဆုတောင်းနေတုန်းမှာ တပည့်တော် ဆေးလိပ်သောက်လို့ ရပါသလား

ဘုန်းတော်ကြီး။      ။ မရဘူး။ ဒါဟာ ဘာသာတရားကို မလေးစားရာ ရောက်တယ်။

ဒါနဲ့ ဂျက်က ဘုန်းတော်ကြီး သူ့ ကို ပြန်ပြောလိုက်တဲ့စကားကို မက်စ်ကို ပြန်ပြောပြလိုက်တယ်။ မက်စ်က အံ့သြစရာမရှိပါဘူးကွာ။ မင်းမေးနေတာကိုက မှားနေတာကွ။ ငါမေးကြည့်လိုက်မယ်။ မက်စ်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။

မက်စ်။    ။ ဘုန်းတော်ကြီးခင်ဗျာ။ ဆေးလိပ်သောက်နေတုန်းမှာ တပည့်တော် ဆုတောင်းလို့ ရပါသလား။

ဘုန်းတော်ကြီး။      ။ ရတာပေါ့။ ရတာပေါ့။

ပြောချင်တာကတော့ ကိုယ်ရလိုက်တဲ့အဖြေတွေက ကိုယ်မေးတဲ့မေးခွန်းလေးတွေပေါ်မှာမူတည်နေတယ်။ ဥပမာ- ကျွန်မခွင့်ယူနေတုန်းမှာ ဒီဖရောဂျက်နဲ့  ပက်သက်ပြီး အလုပ်လုပ်လို့ ရမလား ဆိုတဲ့မေးခွန်းနဲ့ ဒီဖရောဂျက်လုပ်နေတုန်းမှာ ကျွန်မခွင့်ယူလို့ ရမလားလို့ မေးရင် ဘယ်မေးခွန်းရဲ့ အဖြေကြောင့် ခွင့်ရနိုင် မလဲ။ ဒါကြောင့် သူငယ်ချင်းတို့ လဲ ကိုယ်ပြောနေတဲ့စကားလေးတွေ၊ ကိုယ်မေးနေတဲ့မေးခွန်းလေးတွေအတွက် တုန့် ပြန်မှုကောင်းလိုချင်ရင် သေချာစဉ်းစား ဥာဏ်နဲ့ ယှဉ်ပြီး သူတပါး နာပျော်ဖွယ်၊ လုပ်ပေးချင်စဖွယ် ဖြစ်တဲ့ စကားမျိုး၊ မေးခွန်းမျိုးလေးတွေကို ပြောကြရအောင်နော်။
Credit: စနိုး

ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကိုသွားနိုင်မယ်

ဆောင်းပါးခေါင်းစဉ်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းသဘောကို ခန့်မှန်းမိကြမှာပါ။ဘယ်ကိစ္စ၊ ဘယ်လုပ်ကိုင်ဆောင်ရွက်မှုမျိုးမှာမဆို ပန်းတိုင်ဆိုတာရှိတတ်ပါတယ်။အဲဒီပန်းတိုင်ကို ရည်ရွယ်ပြီး ကြိုးပမ်းလျှောက်လှမ်းရတာတွေလည်း ရှိပါတယ်။ဒါမှသာ အောင်မြင်ပြီးဆန္ဒပြည့်ဝပေမပေါ့။

တစ်ခါတစ်ခါတော့ လူတွေဟာပန်းတိုင်ပျောက်နေတတ်တယ်။ ကိုယ့်ရဲ့ဆန္ဒအမှန်ပါေ၀၀ါးတိမ်မြှုပ်နေတတ်တယ်။ ဒီတော့ ကိုယ်လျှောက်ချင်တဲ့လမ်းဟာပျောက်သွားတတ်သလို ကိုယ့်ရဲ့ပန်းတိုင်ဟာလည်း ဘာမှန်းမသိတော့ဘဲ ရည်ရွယ်ချက်တွေမဲ့သွားတတ်တာ အမှန်ပဲ။ ပန်းတိုင်ကို မမြင်ဘဲ လျှောက်နေတာမျိုးဟာမျက်ကန်းလမ်းလျှောက်တာမျိုးပဲ မဟုတ်လား။ ဦးတည်ချက်မရှိဘဲ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်သွားနေတာနဲ့တူသွားလိမ့်မယ်။

ပြောချင်တာက ဘယ်သူမဆို ကိုယ့်ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိတတ်ကြတယ်။ ရှိရလိမ့်မယ်။ တချို့က အဲဒီရည်ရွယ်ချက်ပန်းတိုင်ဟာ ပျောက်နေတတ်သလို၊ အဲဒီကို ဘယ်လိုယုံကြည် လျှောက်လှမ်းရမယ်၊ ဘယ်လိုဇွဲနပဲနဲ့ ရောက်အောင်သွားမယ်၊ ဘယ်လိုအောင်ပွဲရယူကြမယ်ဆိုတာ မသိဘဲဖြစ်နေတတ်တယ်။

ရည်မှန်းရာလမ်းဆုံလို့လည်း အဓိပ္ပါယ်ရ၊ ရည်ရွယ်မျှော်မှန်းချက်တွေလို့လည်း အဓိပ္ပါယ်ရတဲ့ပန်းတိုင်ဆိုတာအောင်မြင်မှုတွေကို နောက်ဆုံးအောင်မြင်ရယူတဲ့နေရာလို့ ပြောရင်လည်း ရပါတယ်။ ပန်းတိုင်ကို ရောက်အောင်လှမ်းပြီးအောင်မြင်မှုရယူနိုင်တဲ့ အချင်းအရာတွေဟာ ပန်းဆွတ်တာပါပဲ။ ဒါကို ပန်းဝင်တယ်လို့ တချို့ကလည်းပြောကြပါတယ်။

 ဘယ်လိုလူမဆို ဘ၀မှာ ရည်မှန်းချက်ဆိုတာရှိရမယ်။ ပန်းတိုင်ဆိုတာလည်း ရှိရမယ်။ သူ့ရဲ့နိုင်ငံရေး၊ ကြီးပွားရေး၊ လူမှုရေးစတဲ့ ဘ၀ထဲက သူ့စိတ်ကြိုက်ရွေးချယ်ပြီး ရည်မှန်းချက်ထားတဲ့အတိုင်း ပြုမူဆောင်ရွက်တာဟာ ပန်းတိုင်ကို မြင်ပြီးပန်းတိုင်ကို အရောက်သွားနေတာပဲဖြစ်ပါလိမ့်မယ်။ သူဟာ ပန်းတိုင်ရှိနေသမျှ ပန်းတိုင်ကို မြင်တွေ့ပြီး၊ မမှိတ်မသုန်လျှောက်လှမ်းနေသမျှ တစ်ရက်မှာ သူအောင်မြင်လိမ့်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာလိုမယ်မထင်ပါဘူး။

ရည်မှန်းချက်ပန်းတိုင်ရှိဖို့၊ အဲဒီပန်းတိုင်ကို မြင်သိနေစေဖို့ဆိုတဲ့အကြောင်းကိုစီနီကာ (ဃနညခနေ) ဆိုတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးရဲ့ စကားကိုမှတ်မှတ်သားသားရှိခဲ့ဖူးတယ်။ "When a man does not know what harbour he is working for no window is the right wind" ပါတဲ့။ဘယ်ဆိပ်ကမ်းကို ဆိုက်ရမယ်ဆိုတာ ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်ဟာဘယ်အရပ်ကတိုက်လာတဲ့ လေပဲဖြစ်ပါစေအကျိုးမရှိနိုင်ပါဘူး။ ဦးတည်ချက်ပျောက်၊ပန်းတိုင်ပျောက်နေလေတော့ တိုက်လာတဲ့လေကို ဘယ်လိုအသုံးချရကောင်းမှန်းလည်း သိမှာမဟုတ်ပါဘူး။ ပန်းတိုင်မရှိတဲ့လူတစ်ယောက်ရဲ့အဖြစ်ကလည်း အဲဒါနဲ့ခပ်ဆင်ဆင်ပဲဖြစ်လိမ့်မယ်။

 ဘ၀ရဲ့ရည်မှန်းချက်တွေဟာ ပန်းတိုင်ပါပဲ။ ကဗျာရေးတာဝါသနာထုံတဲ့ လူတစ်ယောက်အဖို့ ကဗျာဆရာတစ်ယောက်ဖြစ်ရေး၊ ကဗျာလောကမှာ အောင်မြင်ထင်ရှားရေးဟာ သူ့ရဲ့ပန်းတိုင်ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ မတူကွဲပြားတဲ့နေရာတိုင်းမှာ မတူကွဲပြားတဲ့ပန်းတိုင်တွေ ရှိနေတတ်ပြီး အဲဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေ ရည်မှန်းကြိုးစားကြမှာပါ။

 ဒီနေရာမှာ ပန်းတိုင်ပျောက်နေတဲ့လူတွေကိုလည်း ဓမ္မတာပဲတွေ့ရလိမ့်မယ်။ကိုယ်ကဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမသိဘဲ ဘ၀ကိုအလိုက်သင့်မျောပါနေကြတဲ့သူတွေလည်း ရှိတယ်။ဘ၀မှာ ပန်းတိုင်မရှိတဲ့၊ ပန်းတိုင်ပျောက်နေတဲ့အတွက် ဘယ်လိုအချက်အလက်ကောင်းတွေပဲ ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ၊ သူတို့ဟာ အဲဒီအခွင့်အရေးကို ဆုတ်ဖမ်းမိမှာမဟုတ်ဘူး။ ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း နားလည်ကြမှာမဟုတ်တာ သေချာတယ်။

 စီနီကာ (Cencea) ပြောသလိုပေါ့။ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့ ဆိပ်ကမ်းမရှိခဲ့ရင် ဘယ်လိုလေမျိုးတိုက်လာရင်လှေရွက်ကို ဘယ်လိုအနေအထားမျိုးနဲ့လွှင့်တင်ရမယ်မသိတော့ဘူးလေ။ ဒီတော့အဲဒီလှေဟာ ကမ်းနဲ့ ဝေးဝေးရောက်ချင်ရောက်သွားမယ်။ ကမ်းမမြင်၊ လမ်းမမြင်ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမဟုတ် တိမ်းမှောက်ပျက်စီးသွားနိုင်တယ်။

လူတိုင်းလူတိုင်း (အထူးသဖြင့် လူငယ်တွေတိုင်း) ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်တွေရှိသင့်တယ်။ အဲဒီပန်းတိုင်ကို မရောက်ရောက်အောင်လည်း ချီတက်ကြရလိမ့်မယ်။ လမ်းခရီးမှာ ဓမ္မတာပဲ အခက်အခဲဆိုတာတွေ့ရမှာပါ။ ဒါပေမဲ့ တကယ်ဆန္ဒရှိရင် အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ပန်းတိုင်အရောက်လှမ်းနိုင်ပါတယ်။ အရေးကြီးတာက ဇွဲနပဲနဲ့ လုပ်ရည်ကိုင်ရည်တွေပဲ ဖြစ်ပါလိမ့်မယ်။

အားလုံးဟာ အရာရာမှာကျွမ်းကျင်လိမ္မာတဲ့သူတွေ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ဒါက အရေးကြီးတယ်လို့ မထင်ဘူး။ အဓိကပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ရှေ့မှာပန်းတိုင်ရှိနေမယ်ဆိုရင် အဲဒီပန်းတိုင်ကိုအရောက်သွားဖို့ မခက်တော့ပါဘူး။ ပန်းတိုင်ကို မြင်နေရတဲ့ လူတစ်ယောက်အဖို့လေးလေးမှန်မှန်သာ ချီတက်သွားစမ်းပါ။ပန်းတိုင်ဟာ အနှေးနဲ့ အမြန်ရောက်မှာပါပဲ။

“ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကိုသွားနိုင်မယ်” ဆိုတာကို အားလုံးပဲ သဘောပေါက်စေချင်ပါတယ်။ ပန်းတိုင်မရှိဘဲသွားနေရတဲ့ ခရီးတစ်ခုဟာ အရူးအိပ်မက်လိုဖြစ်နေမှာ အမှန်ပဲ။ ကရွတ်ကင်းပေါ်လမ်းလျှောက်နေသလိုလည်း ဖြစ်နေလိမ့်မယ်။ ခရီးဆုံးကိုလည်း ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဘယ်သူမဆို ဘာသာရေး၊စီးပွားရေး၊ နိုင်ငံရေး၊ လှုမှုရေး၊ ဘယ်ကဏ္ဍမှာ ပန်းတိုင်ကို အရောက်သွားစေချင်တယ်။

လူတစ်ယောက်ရဲ့ ကိုယ်စွမ်းကိုယ်စဟာ ပန်းတိုင်ကိုအရောက်သွားနိုင်တာဖြစ်သလို၊ အဲဒီပန်းတိုင်ကို မြင်အောင်ကြည့်နိုင်ပြီး တူရူခရီးသွားနိုင်တာလည်းဖြစ်ပါတယ်။သူဟာ သူ့ပန်းတိုင်ကို သူမြင်နေခဲ့သလို၊သူမြင်တဲ့အတိုင်းလည်း မဖြစ်မနေအရောက်လှမ်းဖို့ ကြိုးစားတယ်။ အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားခဲ့တယ်။ ဒီအတွက် စွန့်လွှတ်အနစ်နာခံခဲ့ရတာတွေ ရှိကောင်းရှိမယ်၊ ရှိနိုင်တယ်။ခရီးလမ်းဆုံးကတော့ မရောက်သေးဘူးပဲထား၊ သူဟာ လူစွမ်းကောင်းပါ။ ကိုယ်စွမ်းကိုယ်စရှိတဲ့လူပါ။ ဒါဟာ အင်မတန်ရိုးရှင်းတဲ့ အမြင်ပဲဖြစ်ပါတယ်။

ဘယ်သူမဆို မိမိပန်းတိုင်ကို တွေ့အောင်ရှာသင့်တယ်။ ပန်းတိုင်ကို မျက်နှာမူသင့်တယ်။ တစ်ဆက်တည်းကိုယ်ရွေးချယ်လိုက်တဲ့ ပန်းတိုင်အရောက်လည်းအားကြိုးမာန်တက် လျှောက်လှမ်းသင့်တယ်။ အောင်မြင်တာ၊ မအောင်မြင်တာ၊နှေးတာမြန်တာက အဓိကမဟုတ်ဘူး။ပန်းတိုင်မပျောက်ဖို့က အဓိကမဟုတ်လား။

ပုရွက်ဆိတ်နှင့် နှံကောင်

တစ်ခုသော နွေဦးရာသီ၊ ကမ္ဘာမြေပြင်
နှံကောင်ဟာ မြက်ခင်းပေါ်မှာ ကခုန်နေတယ်။ အဲဒီအချိန်မှာ အစာစုဆောင်းရေး လုပ်နေတဲ့ ပုရွက်ဆိတ်နဲ့တွေ့တယ်။
နှံကောင်။ ။ ဟိုင်း၊ ကိုပုရွက်ဆိတ်... ဘယ်သွားမလို့လဲဗျ

ပုရွက်ဆိတ်။ ။ ဟာ... အိမ်ပြန်မလို့ပေါ့ဗျ ကိုနှံကောင်ရ
နှံကောင်။ ။ ခင်ဗျားနှယ် အလေးကြီးတွေ ထမ်းပြီးတော့ဗျာ...။ ပင်ပန်းပါသဘိဗျာ၊
ပုရွက်ဆိတ်။ ။ ဟားဟား... ချွေတာစုဆောင်း သူဌေးလောင်းတဲ့
နှံကောင်။ ။ ဟုတ်ပါပြီဗျာ... ပျော်ပျော်နေ သေခဲ ဆိုတာလည်း မေ့မထားနဲ့နော်ဗျ...။
.......................................................................
တစ်ခုသော မိုးရာသီ၊ ကမ္ဘာမြေပြင်
ဒေါက်၊ ဒေါက်၊ ဒေါက်...
မိုးသံတဖြောက်ဖြောက်ကြားမှာ သစ်ခေါင်း တံခါးကို အတင်းလာခေါက်နေသံကြားတာကြောင့် ပုရွက်ဆိတ်ခမျာ တံခါးကို ထဖွင့်ရတော့တယ်။
ပုရွက်ဆိတ်။ ။ အော်... ဘယ်သူများ မှတ်တယ်။ ကိုနှံကောင်ကိုး...
နှံကောင်။ ။ ဟုတ်ပါတယ်... ကျုပ် အခုစားစရာ ပြတ်နေလို့ နည်းနည်းလောက် ဖြစ်ဖြစ်...
ပုရွက်ဆိတ်။ ။ ဒါကြောင့် ခင်ဗျားကို ကျုပ်မပြောဘူးလား... ချွေတာပါ၊ စုဆောင်းပါ ဆိုတာ။
နှံကောင်။ ။ ဟုတ်၊ ဟုတ်ပါတယ်ဗျာ။ ခု အရမ်းဗိုက်ဆာလို့ စားစရာ နည်းနည်းလောက်ဖြစ်ဖြစ်
ပုရွက်ဆိတ်။ ။ တော်တော်... မပေးနိုင်ဘူး၊ ကိုယ့်ဘာသာ ဆက်ကနေပါလားဗျ...
ပုရွက်ဆိတ်ကမောင်းထုတ်လိုက်သဖြင့် နှံကောင်မှာ ဝမ်းနည်းပက်လက်နှင့် ထွက်ခွာလာရတော့သည်။
.......................................................................
တစ်ခုသော ညနေ၊ ကောင်းကင်ဘုံစစ်ဆေးရေးဌာန
နှံကောင်နဲ့ ပုရွက်ဆိတ်ဟာ တောမီးလောင်တာကြောင့် နှစ်ကောင်လုံး မီးသင့်သေဆုံးပြီး ကောင်းကင်ဘုံရဲ့ စစ်ဆေးရေးဂိတ်ကို ရောက်လာတယ်။ တာဝန်မှူးက သူတို့တွေ ကမ္ဘာမြေပြင်မှာ အသက်ရှင်တုန်းက အဖြစ်အပျက်တွေကို စာအုပ်ထဲမှာ ဖတ်ပြီးစစ်တယ်။
စစ်ဆေးရေးမှူး။ ။ ဟို နှံကောင် ဒီရှေ့လာ
နှံကောင်။ ။ ဟုတ်ကဲ့ပါခင်ဗျာ
စစ်ဆေးရေးမှူး။ ။ သင်ဟာ ကမ္ဘာမြေပြင်မှာ အသက်ရှင်တုန်းက အလုပ်ကို မကြိုးစားဘူး။ အပျော်အပါးပဲ လိုက်စားခဲ့တယ်။ ဒါကြောင့် သင်နဲ့ ကောင်းကင်ဘုံနဲ့ မထိုက်တန်ဘူး။ ငရဲပြည်သွားရမယ်။
နှံကောင်။ ။ ဗျာ...
စစ်ဆေးရေးမှူး။ ။ မဗျာနဲ့၊ မင်း ဟိုမှာပြန်ထိုင်... ဟိုကောင် ပုရွက်ဆိတ် ဒီရှေ့လာခဲ့။
ပုရွက်ဆိတ်။ ။ ဟုတ်ကဲ့
စစ်ဆေးရေးမှူး။ ။ ပုရွက်ဆိတ်... မင်းကတော့ လူ့ပြည်မှာ အလုပ်လုပ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ရှာဖွေခဲ့တယ်။
ပုရွက်ဆိတ်။ ။ ဟုတ်ပါတယ်။ အမှန်ပါပဲ။
စစ်ဆေးရေးမှူး။ ။ ဒါပေမဲ့လည်း သင်ဟာ လောဘကြီးစွာနဲ့ ရှာဖွေခဲ့တယ်။ သူတပါးကို ပေးကမ်းစွန့်ကြဲဖို့လည်း မေ့ခဲ့တယ်။ အတ္တကြီးခဲ့တယ်။ ဒါကြောင့် သင်လည်းပဲ ကောင်းကင်ဘုံနဲ့ မထိုက်တန်ဘူး။ သွားငရဲပြည်ကို...
ပုရွက်ဆိတ်။ ။ ဗျာ...
......................................................................
ပုံပြင်လေးက ဒါပါပဲ။ ယုံချင်ယုံ၊ မယုံချင်နေပါ။

Credit : ဟန်သစ်ငြိမ်း

အရိုးသားဆုံးသော လူသားများ

အခါတစ်ပါးက ဘုရင်ကြီး တစ်ပါးဟာ သူ့ တိုင်းပြည်တွင်းက အခြေနေတွေ အားလုံးကို အနီးကပ်လေ့လာချင်တဲ့ အတွက်သူပုန်းစားယောင် ဆောင်ပြီး မြို့ ရွာ အနှံ့ လျှောက်သွားပါတယ်။

ဘုရင်ကြီးဆိုတော့ သူကိုင်တဲ့ ခွက်က ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ ခွက်ပါတဲ့။ ဒါကို အပြင်ကနေ ရွှေခွက်မှန်းမသိအောင်ပွန်းညှက်တွေနဲ့ သုတ်လိမ်းထားပါသတဲ့။

ဒီလိုနဲ့  ဘုရင်ကြီးဟာ လမ်းဘေးလေးမှ ထိုင်ပြီး တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို လေ့လာဖို့ အတွက် အ၀တ်စုတ်
လေးခင်း ခွက်ကလေးကို အ၀တ်လေးပေါ်တင်ကာ တင်ပါးခွေလေး ထိုင်ချလိုက်ပါတော့တယ်။

အချိန်အနည်းငယ်ကြာတော့ လယ်သမား မိသားတစ်စု သူ့ ရှေ့ က ဖြတ်သွားပါတယ်။ အဲ့ထဲက ကလေးတစ်ယောက်က ပြေးလာပြီး သူ့ အိတ်ထဲက အသပြာငွေလေး တစ်ကျပ် ခွက်ထဲကိုထည့်ပြီး သူ့ ကို ကြည့်ကာ ထွက်သွားပါတယ်။

ခဏကြတော့ သူဆင်းရဲ မိသားစုက ကလေးတစ်ယောက်ကလည်း ဘုရင်ကြီးဆီ ပြေးလာပြီး သူ့ မှာ ရှိတဲ့ မုန့် ဖိုးအသပြာငွေလေးတွေကို ခွက်ကလေးထဲ အကုန်ထည့်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြေးထွက်သွားပါတယ်။

ထို့ နည်းတူ သူဌေး၊ သူကြွယ်တွေ၊ ကုန်သယ်တွေ မိသားစုတွေ ဖြတ်သွားတိုင်းလည်း ကလေးတွေက မုန့် ဖိုးငွေလေးတွေကိုလာထည့် သွားကြပြန်ပါတယ်။ လူကြီးတွေ အားလုံးကတော့ ရွှေခွက်နဲ့ တောင်းနေပြီး သူပုန်းစားဟန်ဆောင်ထားတဲ့ ဘုရင်ကြီးကို လှည့်လို့ တောင် မကြည့်ပါဘူးတဲ့။

ဘုရင်ကြီးလည်း ဒီမြင်ကွင်းတွေဟာ သူ့ အတွက် အတွေးတစ်ခုကို ဖြစ်စေပါတယ်။ လူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်ပြီးသော လူတွေအားလုံးသာ ယခုလို ချစ်စရာကောင်းတဲ့ ကလေးစိတ်တွေ မပျောက်ကြသေးရင် ကောင်းမှာပဲလို့  ဘုရင်ကြီးကတွေးမိလိုက်ပါတယ်။

ဘုရင်ကြီးဟာ သူ့ စိတ်တိုင်းကျတဲ့ အဖြေတစ်ခုကို ရသွားရင်ပဲ နန်းတော်ကိုပြန်သွားပါတယ်။ နောက်တစ်နေ့ မှာ နန်းတော် ခန်း
မဆောင်ကြီးမှာ အလှူတစ်ခုကို ထူးခြားစွာ ကျင်းပစေခဲ့ပါတယ်။ ခန်းမဆောင်ကြီးရဲ့ နဖူးစီးမှာ စာတန်းတစ်ခု ကပ်ထားပါတယ်။
ဒီစာတန်းကတော့ " အရိုးသားဆုံးသော လူသားများ " အတွက်ပါတဲ့လေ။

ဒီစာတန်းကြီးကို မြင်တော့ လူကြီးတွေက ဘယ်သူမှ မ၀င်ရဲကြပါဘူးတဲ့လေ။ သို့ သော် ကလေးတွေကတော့ အလှူဆိုတာနဲ့ 
ဒုန်းဆိုင်းပြေးလာကြပြီး မြိန်ရေ၊ယှက်ရေ ၀င်ရောက် စားကြပါသတဲ့။

ကလေးတွေဟာ သူတို့ တွေ့ တဲ့သူဟာ ပြည့်အရှင် ဘုရင်လို့ လည်း မသိကြပါဘူး။ သူတို့ ထည့်တဲ့ ခွက်က ရွှေခွက်ဆိုတာလည်းမသိကြပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ ဖြူစင်တဲ့ စိတ်ထား၊ လောကပေါ် ရိုးသားစွာ မြင်တဲ့ အမြင်တွေက အတုယူဖွယ်ပါ။ လူသားတိုင်း
ရိုးသားကြတဲ့ ကလေးစိတ်လေးတွေ ရှိနေကြပါစေ။