ဂျက်နဲ့  မက်စ်တို့ ဟာ တစ်နေ့ တော့ ဘုရားရှိခိုးပြီး ပြန်လာကြတယ်။ အပြန်လမ်းမှာ ဂျက်က ဆုတောင်းနေတုန်းမှာ ဆေးလိပ်သောက်ရင် သင့်တော်ပါ့မလား ဆိုပြီးတွေးပြီး မက်စ်ကိုမေးတော့ မက်စ်က ဘုန်းတော်ကြီးကို မေးကြည့်ပါလား လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ ပဲ ဂျက်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။
ဂျက်။ ။ဘုန်းတော်ကြီးခင်ဗျာ။ ဆုတောင်းနေတုန်းမှာ တပည့်တော် ဆေးလိပ်သောက်လို့ ရပါသလား
ဘုန်းတော်ကြီး။ ။ မရဘူး။ ဒါဟာ ဘာသာတရားကို မလေးစားရာ ရောက်တယ်။
ဒါနဲ့ ဂျက်က ဘုန်းတော်ကြီး သူ့ ကို ပြန်ပြောလိုက်တဲ့စကားကို မက်စ်ကို ပြန်ပြောပြလိုက်တယ်။ မက်စ်က အံ့သြစရာမရှိပါဘူးကွာ။ မင်းမေးနေတာကိုက မှားနေတာကွ။ ငါမေးကြည့်လိုက်မယ်။ မက်စ်က ဘုန်းတော်ကြီးဆီကို သွားပြီးမေးလိုက်တယ်။
မက်စ်။ ။ ဘုန်းတော်ကြီးခင်ဗျာ။ ဆေးလိပ်သောက်နေတုန်းမှာ တပည့်တော် ဆုတောင်းလို့ ရပါသလား။
ဘုန်းတော်ကြီး။ ။ ရတာပေါ့။ ရတာပေါ့။
ပြောချင်တာကတော့ ကိုယ်ရလိုက်တဲ့အဖြေတွေက ကိုယ်မေးတဲ့မေးခွန်းလေးတွေပေါ်မှာမူတည်နေတယ်။ ဥပမာ- ကျွန်မခွင့်ယူနေတုန်းမှာ ဒီဖရောဂျက်နဲ့  ပက်သက်ပြီး အလုပ်လုပ်လို့ ရမလား ဆိုတဲ့မေးခွန်းနဲ့ ဒီဖရောဂျက်လုပ်နေတုန်းမှာ ကျွန်မခွင့်ယူလို့ ရမလားလို့ မေးရင် ဘယ်မေးခွန်းရဲ့ အဖြေကြောင့် ခွင့်ရနိုင် မလဲ။ ဒါကြောင့် သူငယ်ချင်းတို့ လဲ ကိုယ်ပြောနေတဲ့စကားလေးတွေ၊ ကိုယ်မေးနေတဲ့မေးခွန်းလေးတွေအတွက် တုန့် ပြန်မှုကောင်းလိုချင်ရင် သေချာစဉ်းစား ဥာဏ်နဲ့ ယှဉ်ပြီး သူတပါး နာပျော်ဖွယ်၊ လုပ်ပေးချင်စဖွယ် ဖြစ်တဲ့ စကားမျိုး၊ မေးခွန်းမျိုးလေးတွေကို ပြောကြရအောင်နော်။
Credit: စနိုး
No comments:
Post a Comment