တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါ သတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။ မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။
အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့
"မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့
" အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။
မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။
" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"
သူဌေးက
"အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။
မောင်ဖြူပြန်လာတော့
" သူဌေးခင်ဗျာ့း့  ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် 
တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ 
၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် 
လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် 
ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ 
တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် 
မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ 
အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့  ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "
မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစား သွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။ သယ်ရင်းဆီက လေ့လာသင်ယူစရာတွေ ရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ။မနက်ဖြန်အတွက် မင်းတွေးနေချိန်မှာ သူက နှစ်နဲ့ချီပြီး တွေးပြီးသွားပြီ ။ရက်နဲ့နှစ်ဆိုတာ ၃၆၅ ဆ ၁ ဆ ကွ။ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 
No comments:
Post a Comment