Sunday, 14 June 2015

ရေတွင်းထဲက မြည်း

သူငယ်ချင်းများအားလုံး အခက်အခဲဒုက္ခများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် ဒီစာလေးအား ဖတ်မိပြီး ဒုက္ခမျိုးစုံကို ကျော်လွှား နိုင်ကြပါစေ။
တစ်နေ့မှာ လယ်သမား တစ်ယောက်ရဲ့မြည်းဟာ ရေတွင်းထဲကို ကျသွားပါတယ်။ လယ်သမားက ဘာလုပ်ရမလဲလို့ ကြိုးစား အဖြေရှာနေတုန်း မြည်းကတော့ နာရီများစွာ သနားစဖွယ် အော်ငိုနေတော့ တာပါပဲ။
နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်းနဲ့မဆို ဖို့ပစ်ဖို့ လိုအပ်နေပြီမို့ မြည်းကို ပြန်မရယူ သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လယ်သမားက အိမ်နီးချင်းတွေကို လာကူဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ သူတို့အားလုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲကို ယက်ထည့်ကြပါတော့တယ်။
ဒီအခြင်းအရာကြောင့် လယ်ယာမြေထဲက တခြားတိရစ္ဆာန် အားလုံးဟာ အလွန်ပဲ ချောက်ချားသွားခဲ့ကြတယ်။ အကြောင်း ကတော့ မြည်းဟာ သူတို့ရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် သူတို့က သူ့ကို ဘာမှမကူညီနိုင်တာကို သိထားခဲ့ကြတယ်။ မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်ငိုယိုပါတယ်။ အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို့ အားလုံးက အံ့အားသင့် သွားကြတယ်။ ဂေါ်ပြားနဲ့ မြေကြီးအနည်းငယ် ထည့်ပြီးတဲ့ အချိန်မှာ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်မိလိုက်တယ်။ ကြည့်ပြီးတော့ အံ့အားသင့်သွားပါတယ်။
မြည်းဟာ သူ့ကျောကုန်းပေါ် မြေကြီးတွေ ကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါတော့တယ်။ သူဟာ မြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီမြေကြီးတွေပေါ် ခြေထောက်နဲ့ နင်းတက်ပြီး မြေဖို့ပါတယ်။ လယ်သမားရဲ့ အိမ်နီးချင်းတွေက မြေကြီးတွေ ကို သူ့ကိုယ်ပေါ် ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ့ နင်းဖို့နေလိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှုတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ့ နင်းတက်ပြီး ခက်သွက်သွက် လျှောက်သွား ပါတော့ တယ်။
သင်ခန်းစာ- ဘ၀က ဂေါ်ပြားဖြင့် မြေကြီးမှန်သမျှကို သင့်အပေးယက်ချပါလိမ့်မည်။ သို့သော် ဒုက္ခအသီးသီးဟာ အပေါ်သို့ တက်ရာ အဆင့်တဆင့် ဖြစ်နိုင်၏။ သင်တွေ့ကြုံရသော အဖြစ်အပျက်များအပေါ် သင်ဘယ်လို တုံ့ပြန်မည် ဆိုသည်က အရေး မကြီးပါ။ ဇွဲလုံ့လမလျှော့ပဲ အနက်ရှိုင်းဆုံးရေတွင်းထဲက သူငယ်ချင်းများ အားလုံးထွက်လာ နိုင်ပါစေလို့ ဆုတောင်းပေး နေမိပါတယ်။

No comments:

Post a Comment