လူ၏စိတ်သည် လူ၏ကိုယ်ကို သြဇာလွှမ်းမိုးမှု ပြုသည်။ လူ၏စိတ်သည် အဆိပ်ဖြစ်လာနိုင်သကဲ့သို့ပင် ဆေးလည်း ဖြစ်လာနိုင်သည်။ စိတ်ပုံစံမမှန်လျှင် တခြားသူများအား အသက်သေဆုံးသွားသည်အထိ ပြုနိုင်ပြီး၊ ပုံစံမှန်ပြီး သတိတရားနှင့် ပြည့်စုံလျှင် တခြားသူများအတွက် အကျိုးရှိရာ ရှိကြောင်းလည်း ဖြစ်လာနိုင်သည်။ စိတ်သည် မှန်သောအတွေးအခေါ်ကို အခြေခံလျက် မှန်သောဝီရိယ၊ မှန်သော နားလည်မှု၏ အထောက်အကူရ သည့်အတွက် ဖြစ်ပေါ်လာသော အကျိုးကျေးဇူးတရားသည် အလွန်တရားကြီးမားသည်။ စင်ကြယ်သော၊ ကောင်း မြတ်သော၊ အတွေးအခေါ် ရှိနေသည့် စိတ်သည် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကျန်းမာသန်စွမ်းပြီး အစစအ ရာရာ အဆင်ပြေသောဘ၀သို့ ရှေးရှုစေနိုင်သည်။
မိမိ၏ စိတ်နှလုံးကို ပတ်ဝန်းကျင် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် မဖန်တီးနိုင်သူသည် လူသေတစ် ယောက်နှင့် ဘာမှ မထူးပေ။ မိမိ၏ စိတ်နှလုံးကို အတွင်းသန္တာန်ထဲက ရွှင်လန်းချမ်းမြေ့မှုကို တွေ့ရှိအောင် ကြိုးစားရမည်။
ယင်းသို့ ပြုလုပ်ရန်အတွက် စိတ်နှလုံးကို ထိန်းပြီး စိတ်နှလုံးပိုင်ရှင်နှင့် လူ့အဖွဲ့အစည်း အသုံးဝင်မည့် အပြုအမှု များကို အာရုံစူးစိုက်ရမည်။ အကွပ်အကဲမရှိသော စိတ်နှလုံးသည် မိမိအတွက်လည်းကောင်း၊ သူတစ်ပါးအတွက် လည်းကောင်း အကျိုးမရှိသည့်အပြင် အကျိုးမဲ့မှုများကိုပင် ဖြစ်ပေါ်လာစေနိုင်သည်။ ဤကမ္ဘာလောက၌ လမ်းမှား လိုက်နေသူများသည် လူအများအား မိမိတို့၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိအောင် ကြိုးစား အားထုတ်နေကြသည်။
ငြိမ်သက်နေမှုသည် အားပျော့ခြင်း၏ အမှတ်လက္ခဏာ မဟုတ်ပေ။ ငြိမ်သက်အေးချမ်းနေသော သဘောထား သည် အခါခပ်သိမ်း ယဉ်ကျေးမှုအပြည့်ရှိနေသော လူတစ်ယောက်၏ အမှတ်လက္ခဏာ ဖြစ်သည်။ အရာဝတ္တုများ မိမိအလိုကျ ဖြစ်နေသည့်အခါ လူတစ်ဦးတစ်ယောက်အတွက် ငြိမ်းငြိမ်းအေးအေး ဖြစ်နေပြီး အရာဝတ္တုများ အဆီ အငေါ်မတည့် ဖြစ်နေလျှင် စိတ်ငြိမ်းချမ်းမှု ရှိနေဖို့အတွက် ခဲယဉ်းပေလိမ့်မည်။ ယင်းကဲ့သို့ စိတ်အေးငြိမ်းနေခြင်း သည် ခက်ခဲသော အကျိုးထူးတရား ဖြစ်သည်။ ယင်းကဲ့သို့ စိတ်အေးငြိမ်းနေမှု ရှိနေရန် စိတ်ကို ထိန်းချုပ်ဖို့အ တွက် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် စာရိတ္တအားအင်ကို ဆောက်တည်ဖို့ လိုအပ်သည်။
Credit : ယု
No comments:
Post a Comment