ခြင်္သေ့လေးက ခြင်္သေ့မေမေကို မေးတယ်
"မေမေ.. ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ"
"ပျော်ရွှင်ခြင်းဆိုတာ သားရဲ့အမြီးလေးပေါ့"လို့ ခြင်္သေ့မေမေက ပြန်ဖြေတယ်။
ဒါနဲ့ ခြသေ့င်္လေးက သူ့အမြီးနောက်ကိုပဲ တစ်ပတ်ပြီးတစ်ပတ် ချာချာလည် မောပန်းတဲ့အထိ လိုက်ပြေးနေခဲ့တော့တယ်။ ဒါကို ခြသေ့င်္မေမေကတွေ့တော့ "သား... ပျော်ရွှင်ခြင်းကို သား အထူးတလည် ကြိုးစားအားထုတ်ပြီး ရှာဖွေစရာမလိုပါဘူး...
ခေါင်းမော့ပြီး ရှေ့ကိုရဲရဲလျှောက်လှမ်းတာနဲ့ ပျော်ရွှင်ခြင်းက သားနောက်မှာ ထပ်ကြပ်မခွာလိုက်ပါလာမှာ"လို့ ပြောလိုက်တယ်။
ငယ်ငယ်တုန်းက ပျော်ရွှင်ခြင်းဆိုတာ အရာဝတ္ထုတစ်ခုပါတဲ့..
အဲဒီအရာဝတ္ထုကို ပိုင်ဆိုင်ရရင်ပျော်ရွှင်တယ်။
ကြီးလာတော့ ပျော်ရွှင်ခြင်းဆိုတာ ရည်မှန်းချက်ပန်းတိုင်တစ်ခုပါတဲ့..
အဲဒီရည်မှန်းချက်ပန်းတိုင်ဖြစ်မြောက်ရင် ပျော်ရွှင်တယ်။
ရင့်ကျက်တည်ငြိမ်လာတော့ ပျော်ရွှင်ခြင်းဆိုတာ စိတ်နေစိတ်ထားတစ်မျိုးပါတဲ့...
အသိတရားရ၊ နားလည်သဘောပေါက်လာတော့ ပျော်ရွှင်တယ်။
ပျော်ရွှင်ခြင်းကို ရာထူးဥစ္စာ ဂုဏ်ပကာသနနဲ့ လဲလှယ်ယူလို့ မရပါဘူး၊
ပျော်ရွှင်ခြင်းကို ကိုယ့်ကိုယ်ကိုဆန်းစစ်ခြင်းကနေပဲ ရနိုင်ပါတယ်၊
သင့်အတွင်းစိတ်ပြည့်ဝရင် သင့်စိတ်ဝိညာဉ်လည်း ချိုတဲ့တယ်ဆိုတာမရှိတော့ဘူး။
ဒီလိုဆိုရင် တကယ့်ပျော်ရွှင်ခြင်းကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
လိုအင်ရမ္မက်မရှိဘူး.. တင်းတိမ်ရောင့်ရဲနိုင်တာက ပျော်ရွှင်ခြင်းပါတဲ့
အိမ်ထောင်ရေးသာယာ ခန္ဓာကိုယ်ကျန်းမာနေတာက ပျော်ရွှင်ခြင်းပါတဲ့
ကျေးဇူးသိတတ်၊ တန်ဖိုးထားမြတ်နိုးတတ်တာက ပျော်ရွှင်ခြင်းပါတဲ့
တကယ်ဆို ပျော်ရွှင်ခြင်းကအဝေးမှာမရှိပါဘူး..
ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်အနီးအနားမှာ....
Credit : နိုင်းနိုင်းစနေ
No comments:
Post a Comment