Tuesday, 16 June 2015

စားသောက်ဆိုင်နှင့် ဘီလ်ဂိတ်


စားသောက်ဆိုင်မှာ ဘီလ်ဂိတ်တစ်ယောက် အစားစားပြီး ဘေလ်ရှင်းတဲ့ အခါ စားပွဲထိုးကို မုန့်ဖိုးအနေနဲ့ ၅ ဒေါ်လာပေးပါတယ်။
မုန့်ဖိုး ၅ ဒေါ်လာ ရရှိတဲ့ စားပွဲထိုး အနေနဲ့ ထူးခြားတဲ့ ခံစားချက်တစ်ခုဖြစ်လာကြောင်း မျက်နှာက ဖော်ပြနေတော့ ဘီလ်ဂိတ်က
"ဘာစိတ်အလိုမကျ ဖြစ်တာလဲ" လို့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။ 
စားပွဲထိုးက 
" ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ့သား ဒီဆိုင်မှာလာစားရင် အမြဲတမ်း မုန့်ဖိုး ဒေါ်လာ ၅၀၀ ပေးပါတယ်။ သူ့အဖေ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာကျတော့ ဘာလို့ ၅ ဒေါ်လာပဲ ပေးတယ် ဆိုတာကို စဉ်းစားနေမိတာပါ"
ဘီလ်ဂိတ်က ယခုလိုပဲ ခပ်ပြုံးပြုံးပဲ ဖြေလိုက်ပါတယ်။ 
"အင်း..။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့  သားလေ။ ကျွန်တော် ကတော့ သစ်ခုတ်သမားရဲ့  သားမို့လို့ပါ"

(သင်ခန်းစာ - ဘဝ မမေ့ပါနှင့်။ အတိတ်ဖြစ်ရပ်နှင့် ကိစ္စများက မိမိ၏ အကောင်းဆုံး ဆရာ ဖြစ်သည်)

No comments:

Post a Comment