Monday, 1 June 2015

အောင်မြင်သူနဲ့ စိတ်ခွန်အား

ဒီအလုပ်ဟာအောင်မြင်မယ်လို့ သင့်စိတ်ထဲမှာယုံကြည်နေရင်

ဒီအလုပ်မှာ သင်ဟာအောင်မြင်နိုင်ပါတယ်….အောင်မြင်ချစ်တဲ့

လူတစ်ယောက်ဖြစ်ဖို့ဆိုရင် မိမိရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်

ရှိဖို့ မဆုတ်မနှစ် ကြိုးစားရပါလိမ့်မယ်။ အဲ့ဒီလိုကြိုးစားအားထုတ်ဖို့

ကြိုးစားအားထုတ်နိုင်ဖို့ဆိုရင် ကိုယ့်မှာ စိတ်ဓါတ်အင်းအားပြည့်ဝနေဖို့

အထူးလိုအပ်ပါတယ်…..စိတ်ဓါတ်ခွန်အား မပြည့်ဝတဲ့ သူတစ်ယောက်

အနေဖြင့် အောင်မြင်မူရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး……

စိတ်ဓါတ်ခွန်အားပြည့်ဝနေတဲ့သူဆိုတာ မိမိအလုပ်ထဲမှာ အမြဲတမ်းတတ်ကြွရွှင်လန်းနေတဲ့သူ

၊ မိမိအလုပ်ကိစ္စတိုင်းအတွက် အဆင်သင့်ဖြစ်နေတဲ့သူ ၊ စိတ်ဓါတ်တတ်ကြွနေတဲ့သူ၊ အခက်အခဲတွေကို

ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့သူကို ပြောတာပါ။စိတ်ဓါတ်ခွန်အား

လျော့နေသူဆိုတာ စိတ်လေနေသူ၊ စိတ်ရှုပ်ထွေးနေသူ၊ အခက်အခဲကို

ကြောက်ရွံ့သူ၊ စိတ်ဓါတ်ကျဆင်းနေတတ်သူ၊တတ်ကြွရွှင်လန်းတဲ့စိတ်

မရှိတဲ့သူ ၊ အရာရာကို အဆင်သင့်မဖြစ်တဲ့သူ ၊ အလုပ်တစ်ခုကိုလုပ်မို့

ရွှေ့ဆိုင်းနေတဲ့သူဟာ စိတ်ဓါတ်ခွန်အားလျော့နည်းတဲ့သူဖြစ်ပါတယ်။

အောင်မြင်တဲ့သူဆိုတာ စိတ်ဓါတ်ခွန်အားပြည့်ဝနေတဲ့သူဖြစ်ပြီး ၊ မအောင်

မြင်တဲ့သူဆိုတာကတော့ စိတ်ဓါတ်ခွန်အားလျော့နည်းနေတဲ့သူဖြစ်ပါတယ်။

ဘယ်သူအဆိုအမြဲတမ်း စိတ်ဓါတ်ခွန်အား မပြည့်ဝနိုင်သလို အမြဲ

တမ်းလျော့နေသူလည်းမဟုတ်ပါဘူး။အောင်မြင်ချသ်တဲ့တစ်ယောက်ဖ်ြစဖို့ဆိုရင်တော့

အမြဲတမ်း စိတ်ခွန်အားပြည့်ဝနေရပါလိမ့်မယ်။ စိတ်ခွန်

အားလျော့နည်းနေသူ တစ်ယောက်အနေဖြင့် မည်သည့်အောင်မြင်မူများ

ကိုမှ ရနိုင်မည် မဟုတ်ပါ…လူတစ်ယောက်၏စိတ်ဓါတ်အင်အားကို အဓိကအပြောင်းအလဲဖြစ်စေသော

အရာမှာ မိမိကိုယ်စိတ်နှင့် ၀န်းကျင်အနေအထားတို့ကြောင့်ဖြစ်ပါတယ်… ပတ်ဝန်းကျင်ရိုက်ခက်မှုဒဏ်

ထို့အတွက်ကြာင့်လည်း စိတ်ဓါတ်ခွန်အား ပြည့်ဝစေပါတယ်…ထို့အပြင် ပတ်

ဝန်းကျင်ရဲ့ရိုက်ခက်မှုဒဏ်တွေ တိုက်ခက်တိုင်းသာစိတ်ဓါတ်ခွန်အားတွေ

လျော့ဆင်းပြီး မိမိရဲ့ ဦးတည်ချက်ကိုဖျောက်ပစ်ရမယ်ဆိုရင် ဟောဒီ

ကမ္ဘာမြေပေါ်မှာ ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ သတ်မှတ်ရပါ့မလည်း

ပတ်ဝန်းကျင်ဆိုတာဟာ တစ်ခါတစ်လေကျရင် မိမိကိုစေတနာရှိဟန်

ယောင်ဆောင်ပြီး ဝေဒနာတွေကို ယူဆောင်လာတတ်လို့ လျစ်လျူရှု

သင့်ရင်ရှုရတာပါပဲလေ…အရေးကြီးတာက မိမိကိုယ်ကိုမိမိ စိတ်ဓါတ်ခွန်

အားမလျော့ပါးစေဘဲ ငါဟာလမ်းမှန်မှန်နဲ့ကြိုးစားရင်အောင်မြင်မှာသေ

ချာတယ်ဆိုတဲ့ ယုံကြည်ခိုင်မာတဲ့စိတ်ဓါတ် ရှိနေစေမို့လိုအပ်ပါတယ်..

မိမိကိုယ်ကို မိမိယုံကြည်နေသူတစ်ယောက်အဖို့ မည်သည့်အခက်

အခဲကမှ သူရည်ရွယ်ချက်ပျောက်ဆုံးသွားအောင် မတားဆီးနိုင်ဘူးလေ။မိမိကိုယ်ကို မိမိယုံကြည်လာလေ

စိတ်ဓါတ်ခွန်အားတိုးတတ်လာလေပါပဲ…စိတ်ဓါတ်ခွန်အားတိုးတတ်စေဖို့ဆိုရင် မိမိ

စတင်လုပ်ဆောင်တဲ့ အလုပ်စာလည်း မိမိရဲ့လုပ်ဆောင်နိုင်မှု စွမ်းအားနှင့်

ထပ်တူကျနေဖို့တော့ တကယ့်ကိုလိုအပ်တာပါ…လူတိုင်းမှာ တီထွင်မူ

စွမ်းအားနှင့် လူမှုဆက်ဆံရေးစွမ်းအားဆိုပြီး နှစ်မျိုးနှစ်စားတည်းရှိပါတယ်…

အဲ့ဒီစွမ်းအားနှစ်မျိုးကပဲလူတွေရဲ့ဘ၀ကိုအောင်မြင်မူ ရမအောင်မြင်မှုကိုခွဲခြားပေးလိုက်တာပါပဲ

သင့်အနေနဲ့ဘယ်လိုလမ်းမျိုးမဆိုရွေးချယ်နိုင်ဖို့ အခွင့်အရေးရှိပါတယ်

ဒါပေမယ့်လည်း ရွေးချယ်မှုမှားရင်တော့ ဘ၀အမှားတွေနဲ့သာနေရပါလိမ့်မယ်…

ဒီလိုပါပဲ၊လူတိုင်းမှာအခွင့်အလမ်းရှိတယ် ဆိုပေမယ့် မိမိရွေးချယ်တဲ့

အခွင့်အရေးဟာ မိမိရဲ့စိတ်ဓါတ်ခွန်အားကို တတ်ကြွရွှင်လန်းစေမို့တော့

အထူးလိုအပ်သလို အောင်မြင်ရေးအတွက်လည်း အဓိကအချက်တစ်ချက်ဖြစ်ပါတယ်….

အလုပ်တိုင်း အလုပ်တိုင်းမှာပျော်ရွှင်စရာတွေချည်းနဲ့ပဲ ဖန်တီးထားသည်တော့

ဘယ်လိုဖြစ်နိုင်ပါ့မလည်းတစ်ချို့အလုပ်များဟာ စလုပ်ခါစတွင် ပျော်ရွှင်စိတ်ဝင်စားဖွယ်ရာ မကောင်း

သော်လည်း ကြိုးစားပြီးလုပ်ကိုင်ပါမည်ဆိုလျှင် မိမိရဲ့စွမ်းရည်များတိုး

တတ်လာပြီး အဲ့ဒီလိုစွမ်းရည်များကပါပဲ မိမိကိုပျော်ရွှင်မှုတွေပေးပါလိမ့်မယ်။

တစ်ချို့ကဆိုတတ်ကြပါသေးတယ်…သူတို့ကတို့လိုမဟုတ်ဘူးလေကွာ

မွေးရာပါဗီဇကိုက တစ်ပါးသူတွေထက်သာလွန်တယ်လို့ ထင်မြင်လေ့

ရှိကြတာလည်းတွေ့ဖူးကြမှာပါ…ဒါပေမယ့်လည်း မွေးရာပါလာတဲ့ ဗီဇ

ဘယ်လောက်ပင်ကောင်းမွန်နေပါတယ်ပြောပြော ပညာရပ်တစ်ခုကို

လေးနက်စွာ မလေ့လာပါပဲ ကြိုးစားအားထုတ်မှုမရှိခဲ့ဘူးဆိုရင် ဘယ်လို

တိုးတတ်အောင်မြင်သောသူတစ်ယောက် ဖြစ်ပါ့မလည်းဗျာ….

ဘယ်လောက်ပင်ဥာဏ်ကောင်းတဲ့သူဖြစ်နေပါစေ ကြိုးစားအား

ထုတ်မှုမရှိရင် အောင်မြင်မှာ မဟုတ်သလိုဥာဏ်ထိုင်းတဲ့လူတစ်ယောက်

ဟာလည်း ကြိုးစားအားထုတ်မှုကောင်မယ်ဆိုရင် အောင်မြင်သောလမ်း

ကြောင်းပေါ်ကို ရောက်သွားတာလည်း ရှိခဲ့ကြပါတယ်…. ကိုယ်ကတစ်ပါး

သူတစ်ယောက်ထက်ဥာဏ်မကောင်းဘူးဆိုရင် ကိုယ်အနေနဲ့ တစ်ပါး

သူတစ်ယောက်ထက် ပိုပြီးတော့ အားထုတ်မှုမြင့်မြင့်ထားစေချင်ပါတယ်

အောင်မြင်တဲ့သူတွေ အားလပ်ချိန်မှာအနားယူနေပေမယ့် ၊သူတို့ကတော့

အနားယူဖို့အတွက် စိတ်ကူးမရှိပါဘူး…မိမိရဲ့အောင်မြင်မှုအတွက်ပဲ

ကြံစည်နေတတ်ပါတယ်….အနားယူမှုဆိုတာလူတိုင်းအတွက် လိုအပ်ပေမယ့် ပုံမှန်ထက်ပိုသွားရင်တော့

မအောင်မြင်တဲ့လူတစ်ယောက်လိုဖြစ်သွားပါလိမ့်မယ်…နောက်တစ်ချက်ကမိမိထက်သာတဲ့လူတွေနဲ့တွေ့ရင်

သူတို့ကငါ့ထက်သာတယ်ဆိုပြီး မိမိကိုယ်ကို အားငယ်သောစိတ်လေးများ

မ၀င်စေမို့ သတိလေးလည်းပေးချင်မိတယ်ဗျာ…. မိမိကိုယ်ကို မိမိအထင်

အမြင်သေးတာဟာလည်း အောင်မြင်မှုရဲ့ အကြီးမားဆုံးသော အနှောက်

အယှက်ဖြစ်သွားတတ်ပါတယ်….အောင်မြင်တဲ့သူဆိုတာ သူတစ်ပါး

တွေမိမိထက်ဘယ်လောက်ပင် သာနေပါစေ တော်နေကြပါစေ မိမိလည်း

မိမိအစွမ်းရှိသမျှနှင့်ကြိုးစားအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်နိုင်တယ်

ဆိုတဲ့စိတ်ကို မွေးမြူလေ့ရှိထားကြပါတယ်…အဲ့ဒီစိတ်ကိုလည်း အမြဲမပြတ်

ဆင်ခြင်သလို အဲ့ဒီစိတ်အတိုင်းလည်း ကြိုးစားအားထုတ်မှုကို လျော့ချ

မပစ်ခဲ့ပါဘူး…တစ်ချို့ကရှိပါသေးတယ် ငါဟာသူ့ထက်သာတယ် ငါထ

လုပ်ရင် ဘယ်တော့မဆိုဖြစ်မှာ အဲလိုမိမိကိုယ်ကို အထင်ကြီးကာ စိတ်

ကြီးဝင်နေတဲ့သူအတွက်တော့ အောင်မြင်မှုက ရလာမှာမဟုတ်ပါဘူး။

အခွင့်အရေးတစ်ခုရဖို့ဆိုတာ ထိုင်ပြီးစောင့်နေလို့ ရတဲ့အရာမဟုတ်ပါဘူး…

ကြိုးစားအားထုတ်မှုနဲ့ လှုပ်ရှားနေမှ ရရှိမယ့် အရာတစ်ခုဖြစ်ပါတယ်…

ကြိုးစားအားထုတ်မှုနှင့် အမြဲလှုပ်ရှားနိုင်ဖို့ မိမိစိတ်ကို မိမိအမြဲတမ်း

ခွန်အားပြည့်ဝနေဖို့ကတော့ အထူးအရေးကြီးလှပါတယ်….

No comments:

Post a Comment