လူသားတိုင်း အလွယ်တကူသောက်သုံးနိုင်ရန်အတွက် ကျွန်တော်အားဆေးလေး တစ်ခွက်ကို ဝေမျှလိုက်ပါတယ်။
အမှန်စင်စင်လူသားဟာ လူ့လောကကြီးထဲသို့ ရှုံးနိမ့်ဖို့အတွက် မွေးဖွားလာတာ မဟုတ်ပါဘူး။
အောင်မြင်မူတွေကို ပိုင်ဆိုင်ဖို့အတွက် မွေးဖွားလာတာပါ။
ဘ၀မှာဆုံးရှုံးခဲရတယ်ဆိုတာ မရှိပါဘူး၊
မိမိဖြတ်ကျော်ခဲ့ရတဲ့ ပတ်ဝန်းကျင် လုပ်ငန်းတွေအပေါ် အလွန်တန်ဖိုးရှိတဲ့ ဘ၀သင်ခန်းစာတွေကို အရင်းအနှီအဖြစ် ရရှိလိုက်တာပဲဖြစ်ပါတယ်။
သတ္တ၀ါတွေအားလုံးထဲ၌ လူသားဟာ ဆင်ခြင်တုံးတရားကို ပိုင်ဆိုင်ထားတာကြောင့် အရာရာမှာ စွမ်းဆောင်ရည် ပိုမိုထူးခြားစွာ ရရှိနေခြင်းဖြစ်ပါတယ်။
လူသားဟာတခါတရံ စိတ်ဓါတ်ကျရောဂါ စွဲကပ်နေတတ်ပါတယ်။ အဲသည်လို စိတ်ဓါတ်ကျရောဂါ
စိတ်နှလုံးထဲလွမ်းမိုးနေချိန်မှာတော့ ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ စိတ်ခံစားမူတွေရှိပါတယ်။ ဥပမာ- မိမိကိုယ်ကို ယုံကြည်စိတ်ချမူ အားနည်းလာခြင်း၊ မိမိလုပ်နေသော လုပ်ငန်းတွေအပေါ် ယုံကြည်မူအားနည်းလာခြင်း၊ပျက်စီးဆုံးရှုံးမူတွေနဲ့ယဉ်ဆိုင်ရမှာကို ကြိုတွေးပြီး စိုးရိမ်နေရခြင်း၊ တစ်ဦးတစ်ယေါက်ရဲ. အပျက်မြင်သော စကားများကြောင့် သေခြာစွာ ချမှတ်ထားသော မိမိရဲ. စိတ်ကူးယဉ် အိပ်မက်များ စန်းတ၀ါးဝါး ဖြစ်နေရခြင်း၊အောင်မြင်မူပန်းတိုင် ရောက်ရန်အတွက် မိမိလျှောက်လမ်းနေသော ပန်းတိုင် ပျောက်ဆုံးခဲ့ရခြင်းတို့ဖြစ်တတ်ပါတယ်။
အခုလို စိတ်ဓါတ်ကျခြင်းနှင့် စိတ်ခံစားမူတွေကနေ ကင်းလွတ်စွာနေနိုင်ဖို့အတွက်
မိတ်ဆွေ — အသင်ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့။
အမှန်စင်စစ် အသင်ကြုံတွေ့ရင်ဆိုင်နေရသော အခက်ခဲဆိုတာတွေ၊ အသင်စိတ်အလိုမကျဖြစ်နေရတဲ့ အဆင်မပြေမူတွေအားလုံးဟာ အသင်နှင့်အတူ အမြဲထာဝရ ရှိမနေပါဘူး။ အချိန်၊ နာရီ ၊ နက်ဖြန်ဆိုတာတွေ ပြောင်းလွဲသွားပြီ ဆိုတာနဲ့ အသင့်အတွက် လွယ်ကူမူများ စိတ်ချမ်းသာမူများဟာ အလုံးအနှင်း ၀င်ရောက်လာမှာ ဖြစ်ပါတယ်။
ဒုက္ခ ဆိုတဲအရာလည်း သည်အတိုင်းပါပဲ။ ဒုက္ခလို့ထင်ထားတဲ့အရာတွေ အားလုံးဟာ အမှန်တကယ်မှာတော့ တိမ်တိုက်များ နှင်းထုများကဲ့သို့ပါပဲ။
တိမ်တိုက်နဲ့ နှင်းထုလေးတွေဟာဆိုရင် အဝေးကနေလှမ်းကြည့်ခြင်းအားဖြင့် အုပ်မှိုင်းထူထပ်စွာရှိနေတာကို တွေ့ရမှာဖြစ်ပြီး အနီးအနားသို့သွားရောက် ကြည့်မယ်ဆိုရင်တော့ ရေအငွေ့အသက်လေးများ ဖြစ်နေတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အသင့်အတွက်အချိန်တွေကုန်သွားပါပြီးလို့ မသတ်မှတ်လိုက်ပါနဲ့။ အချိန်တွေဟာ အသင့်ရဲ့ ကြိုးစားရုန်းကန်မူအပေါ် မူတည်နေပါတယ်။
လူတိုင်းဟာ ၀မ်းစာရရှိရေးအတွက် အလုပ်တစ်ခုကို နေ့စဉ်လုပ်နေရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ မိမိဘ၀အောင်မြင်ရေးအတွက် ကိုယ်တိုင်ကြိုးစားလေ့လာသင်ယူနေရမယ်လေ။
အသင် ဘယ်အလုပ်ကိုမဆို ငါမလုပ်နိုင်ပါဘူးလို့ မသတ်မှတ်လိုက်ပါနဲ့။
အကယ်၍ အသင်မလုပ်နိုင်ပါဘူးလို့ သတ်မှတ်လိုက်တဲ့ အရာတွေအားလုံးဟာ လက်တွေ့ဘ၀မှာ အသင်ဘယ်လိုမှ လုပ်လာနိုင်လိမ့်မှာမဟုတ်ပါဘူး။
ငယ်ရွယ်ချိန်မှာ အသင့်ကိုယ်အသင် ခိုင်းနိုင်အောင်ကြိုးစားပါ။ ငယ်ရွယ်ချိန်မှာ အသင့်ကိုယ်အသင် မခိုင်းခဲ့ရင်တော့ အသက်ရွယ် အိုမင်းချိန်မှာ အသင်သူများ ခိုင်းတာတွေကို လုပ်နေရပါလိမ့်မယ်။
အသင့်မှာ တိကျတဲ့ ပန်းတိုင် ရေရည်၊ရေတို စီမံကိန်း၊ တိကျတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ရှိထားဖို့လိုအပ်ပါလိမ့်မယ်။ အကယ်၍ ဤအရာတွေ အသင့်ဆီမှာ မရှိခဲ့ဘူးဆိုရင်တော့ တိကျတဲ့ ပန်းတိုင် စိတ်ကူးယဉ်အိပ်မက် ရှိသူတွေရဲ.ခိုင်းစေမူကို အသင်ခံရပါလိမ့်မယ်။
အသင်သာ စိတ်ချမ်းသာမူတွေနဲ.အတူ အောင်မြင်မူတွေကို အမြဲထာဝစဉ် မြင်တွေ့ခံစားချင်တယ်ဆိုရင်တော့ (အကောင်းမြင်ဝါဒ) ထားခြင်းကို နှလုံးသွင်း လက်ကိုင်ထားလိုက်ပါ။
ကျွန်ုပ် သေချာတာ တစ်ခုပြောရဲပါတယ်………….. အသင်သာလျှင် နေ့စဉ်နေ့တိုင်း အသင့်စိတ်ကို အသင် ကြည်လင်အောင်ထားနိင်မယ်ဆိုရင် မနက်တိုင်း မနက်တိုင်းဟာ အသင့်အတွက် ပျော်ရွှင်သော မနက်ခင်းများ အောင်မြင်မူတွေ ပိုင်ဆိုင်နိုင်သော မနက်ခင်းများ ဖြစ်လာမှာသေချာပါတယ်။
No comments:
Post a Comment