Thursday, 11 June 2015

အလေ့အကျင့်

မိမိတို့ နေ့စဉ် လုပ်ကိုင်လှုပ်ရှား နေမှု အများစုသည် မိမိတို့၏ အလေ့အကျင့်များ အတိုင်းပင်ဖြစ်သည်။ မနက်စောစော ပုံမှန်အိပ်ရာက ထတတ်သူ တစ်ဦးသည်လည်း စောစောထခြင်းသည် သူ၏ အကျင့်ပင်ဖြစ်သည်။ အိပ်ရာမှ ပုံမှန် နောက်ကျ ထတတ်သူ တစ်ဦးသည်လည်း အိပ်ရာမှ နောက်ကျ ထတတ်ခြင်းသည် သူ၏ အကျင့်ပင်ဖြစ်သည်။

 တကယ်တော့ ဘ၀မှာ သင်လုပ်တာတွေ အားလုံးဟာ အလေ့အကျင့်ကြောင့်ပင် ဖြစ်ပါသည်။
အကြိမ်ကြိမ် လုပ်ဆောင်ခြင်းသည် အလေ့အကျင့်ကို ဖြစ်စေသည်။ လူသားတို့၏ အနေအထိုင် အပြုအမူ စသည့် အကျင့် စရိုက်များ အားလုံးသည် အလေ့အကျင့်များသာ ဖြစ်သည်။ ဒါကြောင့် မိမိတို့၏ အလေ့အကျင့်များသည် မိမိတို့၏ စရိုက်လက္ခဏာများ ဖြစ်လာသည်။ အလေ့ အကျင့်သည် ဘ၀ အတွက် အရေးပါသည်။

 သို့သော် မကောင်းသော အလေ့ အကျင့်ကို စရိုက်ဟု သိကြပါသည်။မကောင်းသော အလေ့အကျင့်သည် ကြာတော့ အစွဲအလမ်း ဖြစ်ကာ ပြသနာ ဖြစ်လာပါသည်။ ကြိုးတစ်ချောင်း ပြီးတစ်ချောင်း ရောယှက်လိမ်ကျစ် လိုက်လျှင် ကြာလေလေ ခိုင်မြဲလေလေ ဖြစ်ကာ အလွယ်တကူ ဖြတ်တောက် နိုင်ခြင်း မရှိတော့ပါ။ ဒီအတိုင်းပါပဲ မကောင်းသော အလေ့ အကျင့် သည်လည်း ကြိုးကျစ် သကဲ့သို့ ဖြစ်သည်။အလေ့အကျင့် ကို တည်ဆောက် လို့လည်းရတယ် ဖြတ်တောက်လို့လည်း ရတယ်။
အစမှာတော့ ခက်ခဲနိုင်ပါတယ်။နောက် တာရှည်ကြာရှည်လာရင် အဆင်ပြေသွားပါတယ်။ ဒီစာသားလေးကို ဖတ်ကြည့်ပါ Sow a throught, reap an action အတွေးကို စိုက်ပျိုးပါ၊ပြုမူချက်တွေကို ရိတ်သိမ်းရရှိပါသည် ဆိုလိုတာက သင့်ရဲ့ အပြုအမူတွေ အားလုံးဟာ သင့်ရဲ့စိတ်သင့်ရဲ့အတွေးတွေ အတိုင်းဖြစ်လာတာပါ။ Sow an action, reap a habit ပြုမူချက်တွေကို စိုက်ပျိုးပါ အလေ့အကျင့် ကို ရိတ်သိမ်းရရှိပါသည် သင့်ရဲ့ ပြုမူချက်တွေဟာ သင့်ရဲ့ အလေ့အကျင့် တွေဖြစ်လာတာပါ။ Sow a habit, reap a character အလေ့အကျင့်ကို စိုက်ပျိုးပါ အလေ့စရိုက်များကို ရိတ်သိမ်းရရှိမည် သင့်ရဲ့ အလေ့အကျင့်တွေအတိုင်း သင့်ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာပါလိမ့်မယ်။

Sow a character, reap a destiny အကျင့်စရိုက်ကို စိုက်ပျိုးပါ ပန်းတိုင်ကို ရိတ်သိမ်းရရှိသည် သင့်ရဲ့ အကျင့်စရိုက်အတိုင်း သင့်ရဲ့ပန်းတိုင်ကို ရရှိမှာ ဖြစ်ပါတယ်။ အရစ္စတိုတယ် ပြောတာကို ထပ်မံတင်ပြလိုပါတယ် we are what we repeatedly do. Excellence,then,it is not an act,but a habit. ကျွန်တော်တို့ဟာ ကျွန်တော်တို့ အကြိမ်ကြိမ် ဆောင်ရွက်ထားတဲ့ ပုံစံပဲပေါ့။ ဒါဟာ လုပ်ဆောင်တာတော့ မဟုတ်ဘူး အလေ့အကျင့်ပါပဲတဲ့။

 နောက်ဆုံးမှာ အားလုံးကို ခြုံငုံပြီး စဉ်းစားကြည့်ရင် သင့်ရဲ့ စိတ်ထဲက အတွေးအတိုင်း ပြုမူလှုပ်ရှားမယ်။ ပုံမှန် ပြုမူလှုပ်ရှားမှုတွေက တဆင့် အလေ့အကျင့်တွေ ဖြစ်လာမယ်။ အလေ့အကျင့် ကနေပြီး သင့်ရဲ့ အကျင့်စရိုက်ဖြစ်လာမယ်။ သင့်ရဲ့ အကျင့်စရိုက်အတိုင်း သင့်ရဲ့ ပန်းတိုင်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိမိတို့်ရဲ့ အကျင့်စရိုက်တွေကို ပြင်မယ်ဆိုရင် မိမိတို့ရဲ့ အလေ့အကျင့်၊ ပြုမူလှုပ်ရှားမှု နဲ့ မိမိတို့ရဲ့ စိတ်တွေ အတွေးတွေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment